Saturday, May 2, 2015

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့သို့ ရောက်ရှိ




The Mirror Daily's photo.


ဝါရှင်တန်ဒီစီ မေ ၁

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Hon. Mr. John Boehner ၏ ဖိတ်ကြားချက်အရ အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၂၉ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ အင်ချွန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဧပြီ ၃ဝ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြသည်။

ယင်းနောက် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့သို့ ဧပြီ ၃ဝ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိကြရာ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် သံရုံးဝန်ထမ်းများက Dulles အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment