Friday, May 1, 2015

တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့မျာသို့ ဆန်၊ ဆိုလာနှင့် ဆေးစိမ်းခြင်ထောင်များ ထောက်ပံ့



   ဘားအံ ဧပြီ ၃ဝ


မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဌာန (MPC)နှင့် နီပွန်ဖောင်ဒေးရှင်းတို့ပူပေါင်း၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသည့် အနေဖြင့် ဆန်၊ ဆိုလာမီးအိမ်နှင့်ဆေးစိမ်ခြင်ထောင် များပေးအပ်ခြင်းကို ဧပြီ ၂၉ ရက်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ သီရိလမ်းမကြီး၌ ပြုလုပ်သည်။

အဆိုပါပေးအပ်ပွဲသို့  ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေး နှင့်   နယ်စပ်ရေးရာဝန်ကြီး၊    ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးရေးရာနာယကနှင့်   အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊  မြို့မိ မြို့ဖများ၊ တိုင်း ရင်းသားငြိမ်းချမ်းရေးအဖွဲ့များမှ   တာဝန်ရှိသူများ၊ နီပွန်ဖောင်ဒေးရှင်းမှ  တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ရှေးဦးစွာပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မင်းနှင့်   နီပွန် ဖောင်ဒေးရှင်းမှ မစ္စတာမက်စုချီးမားတို့က တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များသို့ ဆန် ၉၉၄၅ အိတ်၊ ဆေးစိမ်ခြင် ထောင် ၁၃၃၇ လုံးနှင့် လက်ဆွဲဆိုလာမီးအိမ် ၁၅၁၅ လုံးတို့ကို ပေးအပ်ရာ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
နေမျိုးလွင် (ပြန်/ဆက်)

No comments:

Post a Comment