Friday, May 1, 2015

ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

 



ထားဝယ် ဧပြီ ၃ဝ

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ အိုးလုပ်ရပ်ကွက် ရွာလယ်လမ်း၌ ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ တွင် မီးလောင်မှု ဖြစ်ပွားသည်။

အိုးလုပ် ရပ်ကွက် ရွာလယ်လမ်းရှိ နေအိမ် တစ်အိမ်မှ မီးလောင်မှုစတင် ဖြစ် ပွားပြီး အိုးလုပ်ရပ်ကွက်နှင့် ပိန္နဲ တောရပ်ကွက်တို့တွင် အိမ်ခြေ ၆၇ လုံးနှင့် အိုးလုပ်မူလတန်းကျောင်းတို့ မီးလောင်ဆုံးရှုံးမှုဖြစ်သွားကြောင်း သိရသည်။

ထားဝယ်မြို့ မီးသတ်စခန်းမှ မီးသတ်ကားခုနစ်စီး၊ တပ်နယ်ဘက်မှ တပ်မတော်သားများ၊ ပြည်သူများက မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲတွင် မီးငြှိမ်းသတ်မှုပြီးစီးကြောင်း သိရ သည်။ အဆိုပါမီးလောင်မှုတွင်အိမ်ခြေ ၆၇ လုံးဆုံးရှုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်၏ကြီးကြပ်မှုဖြင့် ထားဝယ်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၌ ယာယီကယ်ဆယ်ရေး စခန်းအဖြစ် ဖွင့်လှစ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(တိုင်းဒေသကြီး ပြန်/ဆက်)

No comments:

Post a Comment