Saturday, May 2, 2015

မြန်မာနိုင်ငံကင်းထောက်မောင်မယ်များ တွေ့ဆုံစခန်းချပွဲတက်ရောက်ရန် ကင်းထောက်မောင်မယ်များ ပြင်ဦးလွင်မြို့သို့ ရောက်ရှိ





The Mirror Daily's photo.


ရန်ကုန် မေ ၁

၂ဝ၁၅ ခုနှစ် မေ ၁ ရက်မှ မေ ၅ ရက်အထိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်စခန်းတွင် မြန်မာနိုင်ငံ ကင်းထောက်မောင်မယ်များ တွေ့ဆုံစခန်းချပွဲသို့ တက် ရောက်ရန် ယနေ့နံနက် ၁ဝ နာရီတွင် မန္တလေးမြို့မှ ပထမအသုတ်အဖြစ် အုပ်ချုပ်သူများနှင့် ကင်းထောက်မောင်မယ် ၂၈ဝ တို့သည် ရထားပို့ဆောင်ရေးဝန်ကြီး ဌာနစီစဉ်မှုဖြင့် သီးသန့်ရထားဖြင့်လည်းကောင်း၊ ရန်ကုန် မြို့မှ ဒုတိယအသုတ်အဖြစ် အောက်မြန်မာပြည်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ အုပ်ချုပ်သူနှင့် ကင်းထောက် မောင်မယ် ၅၆ဝ တို့သည် သီးသန့်ရထားများဖြင့် လည်းကောင်း မန္တလေး မြို့သို့ နံနက် ၆ နာရီတွင် ရောက်ရှိသည်။

ယင်းကင်းထောက်မောင်မယ်များသည် သီးသန့် ရထားနှစ်စင်းဖြင့် ထွက်ခွာရာ ပြင်ဦးလွင်မြို့သို့ မွန်းတည့် ၁၂ နာရီတွင် ရောက်ရှိလာရာ မြန်မာနိုင်ငံကင်းထောက် ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်ညိုနှင့် အဖွဲ့ဝင်များ၊ ကင်းထောက်ကြီးများ၊ ပညာရေးဝန်ကြီးဌာန ပြင်ဦးလွင် ကင်းထောက်စခန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာသွင်နှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများက '' ပြည်သူ့ အတွက် အစဉ်အသင့်'' ကင်းထောက်သီချင်းများ သီဆို၍ လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားရိုးရာဝတ်စုံများ ဝတ်ဆင်ကာ စည်ကားသိုက်မြိုက်စွာ ကြိုဆိုကြသည်။

ကင်းထောက်မောင်မယ်များသည် ပြင်ဦးလွင်ဘူတာ မှ တည်းခိုစခန်းချရန် ကင်းထောက်အမျိုးသမီးများက ပြင်ဦးလွင်မြို့ အထက(၁)နှင့် ကင်းထောက်အမျိုးသား များက ပြင်ဦးလွင်မြို့ အထက(၂)တို့သို့ ရောက်ရှိရာ သက်ဆိုင်ရာကျောင်းများမှ ကြိုဆိုရေးကော်မတီဝင်များ၊ ဆရာ ဆရာမများက ကြိုဆိုနေရာချထားပေးသည်။

မွန်းလွဲပိုင်းတွင် ကင်းထောက်အမျိုးသားကြီးများနှင့် ကင်းထောက်အမျိုးသမီးကြီးများက သက်ဆိုင်ရာ တည်းခိုသည့် ကျောင်းအသီးသီးတွင် ကင်းထောက်အဖွဲ့ လုပ်ငန်းများဆောင်ရွက်မှုကို ဟောပြောပို့ချပြီး ညနေ ၄ နာရီတွင် ပြင်ဦးလွင်မြို့ ကန်တော်ကြီးအမျိုးသား သဘာဝ ဥယျာဉ် နန်းမြင့်မျှော်စင်ရှေ့တွင် ကျင်းပမည့် ဖွင့်ပွဲအခမ်း အနားအတွက် အစမ်းလေ့ကျင့်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment