Saturday, May 2, 2015

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေရှင်းလင်းပွဲ ကျင်းပ




မုံရွာ မေ ၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမတွင် ၂ဝ၁၅ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်နှင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပြင်ဆင်သည့်
ဥပဒေရှင်းလင်းပွဲကို ဧပြီ ၃ဝ ရက် နံနက် ၁ဝ နာရီက ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိန်မောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟိုတယ်၊ တည်းခိုခန်း၊ စတိုးဆိုင်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝင် စီးပွားရေးနှင့်စီမံကိန်းဝန်ကြီးက အမှာစကား
ပြောကြားပြီး တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ဦးကျော်သိန်းက ၂ဝ၁၅ ခုနှစ် အခွန်အကောက်ဥပဒေအား လည်းကောင်း၊ မြို့နယ်အခွန်ဦးစီး
ဌာနမှူး ဦးငွန်တောင်းက ကုန်သွယ်လုပ်ငန်းခွန်ကို
ပြင်ဆင်သည့် ဥပဒေအားလည်းကောင်း၊ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းများမှ ပြေစာများတွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်တို့ကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာ
သော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်၊
တည်းခိုခန်း၊ စတိုးဆိုင်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များက အဆိုပါ ဥပဒေသစ်နှင့် ပတ်သက်ပြီး သိရှိလို သည်များကို မေးမြန်းရာ တိုင်းဒေသ
ကြီးအခွန်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး မြန်မာ့အာမခံ
လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့အာမခံအကြောင်း သိကောင်းစရာများကိုရှင်းလင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
(ဖိုးချမ်း-မုံရွာ)

No comments:

Post a Comment