Saturday, May 2, 2015

မက်ဆီသည်မိမိ၏ ထာဝရအကောင်းဆုံးပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း ရာအူးလ်ချီးကျူး





ယခင်ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်း ရာအူးလ်က ၎င်း၏ ကစားသမား သက်တမ်းတစ်လျှောက် အကောင်းဆုံးသောပြိုင်ဘက်ကစားသမားမှာ မက်ဆီသာလျှင်ဖြစ်သည် ဟု ထုတ်ဖော်ချီးကျူးခဲ့သည်။ မက်ဆီသည် မဖြစ်နိုင်သောအရာကိုပင် လွယ်ကူသွားအောင်ပြုလုပ် နိုင်သောစွမ်းဆောင်ရည်မျိုးရှိပြီး သူ၏၂ဝ၁၄ကစားပုံနှင့်ပတ်သက်ပြီး ဝေဖန်ခြင်းခံခဲ့ရ သော်လည်း၎င်း၏ကွင်းတွင်းခြေစွမ်းနှင့်ပတ်သက်၍ မည်သည့်အခါကမျှ သံသယမရှိခဲ့ဟု လည်း ရာအူးလ်ကဆိုခဲ့သည်။
ရာအူးလ်အနေဖြင့်၂ဝ၁ဝ ရီးယဲလ်မှမထွက်ခွာမီ ဘာနေဗျူးကွင်း၌ ၁၆ နှစ်တာကာလ ကျင်လည်ခဲ့ပြီး သူ၏ကစားသမားသက်တမ်းတစ်လျှောက် အကောင်းဆုံးသောပြိုင်ဘက်ကစား သမားသုံးဦးမှာ အေစီမီလန်နောက်ခံလူ ပေါ်လိုမာလ်ဒီနီ ၊ ဘိုင်ယန်ဂိုးသမားအိုလီဗာခမ်းနှင့် မက်ဆီတို့ပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရာအူးလ်က '' မက်ဆီကတော့ ကျွန်တော်ကြုံတွေ့ဖူးသမျှ ကစားသမားထဲမှာအကောင်းဆုံး ပြိုင်ဘက်ကစားသမားပါ။ ကျွန်တော့်အနေနဲ့ ဇီဒန်း၊ ဖီဂို၊ စီရိုနယ်လ်ဒိုတို့လိုကစားသမားတွေနဲ့ တစ်သင်းတည်းမှာ အတူတကွကစားခဲ့ရတာ တကယ့်ကိုကံကောင်းမှုတစ်ရပ်ပါပဲ။ ဒါပေမယ့် မက်ဆီကသူတို့နဲ့လည်းမတူကွဲပြားတဲ့ စွမ်းရည်မျိုးပိုင်ဆိုင်ထားတဲ့ကစားသမားမျိုးပါ။ မက်ဆီက သိပ်ပြီးအားစိုက်နေရတာမျိုးမဟုတ်ဘဲ အရာရာကိုလွယ်ကူသွားအောင်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်မျိုးရှိနေတယ်။ နောက်ဆုံးဗျာ မဖြစ်နိုင်တဲ့အရာကိုတောင် ဖြစ်အောင်လုပ်နိုင်တဲ့ အရည်အချင်းမျိုးပေါ့ '' ဟုချီးကျူးခဲ့သည်။
အသက် (၃၇)နှစ်ရှိပြီဖြစ်သည့် ရာအူးလ်သည်လက်ရှိတွင် နယူးယောက်ကော့စ်မို့စ်အသင်း၌ ကစားနေကာ သူ၏အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အနေဖြင့် ချန်ပီယံလိဂ်အကြိုဗိုလ်လုပွဲတွင် စတူဒက်တိုချန်ပီယံဂျူဗင်တပ်ကို ခက်ခက်ခဲခဲရင်ဆိုင်ရမည်ဖြစ်သော်လည်း ဗိုလ်လုပွဲသို့ ရီးယဲလ်သာ တက်ရောက်နိုင်လိမ့်မည်ဖြစ်ပြီး ဘာစီလိုနာအောက်နှစ်မှတ်လျော့အနေအထားကိုလည်း လိုက်မီနိုင်လိမ့်ဦးမည်ဟု ခန့်မှန်းပေးထားသည်။
[မေလဲ့သင်း]

No comments:

Post a Comment