Saturday, May 2, 2015

အွန်လိုင်းမှာနာမည်ကြီးနေသည့် ဘရစ်တနီစပီးယားစ်ရဲ့ အယ်ဘမ်သစ်



ဘရစ်တနီစပီးယားစ်နဲ့ အစ်ဂျီအဇယ်လီမာတို့ရဲ့ အယ်ဘမ်သစ်''Pretty Girl ကို ယခုထိ ဈေးကွက်မှာ တရားဝင်မဖြန့်ချိရသေးပေ မယ့်လည်း အွန်လိုင်းမှာ အယ်ဘမ်ကာဗာပုံနဲ့တင် အတော်နာမည် ကြီးနေပါတယ်။ ဒီကာဗာကို အစ်ဂျီက ဘယ်လို ပုံဖော်ရင်ကောင်းမယ်လို့ စတင်စိတ်ကူးရခဲ့တာဖြစ်ပြီး ဘရစ်တနီက အလွယ်တကူပဲ သဘောတူ လက်ခံခဲ့တာဖြစ်ပါတယ်။
အစ်ဂျီက ''ကျွန်မတို့ ၁၉၈ဝ ကျော်ကာလတွေက အေးစက်တဲ့ ပုံသဏ္ဌာန်နဲ့ အရမ်းဟော့တဲ့ စရိုက်မျိုးရှိတဲ့ မိန်းကလေးနှစ်ဦး ယှဉ်ပြတဲ့ ပုံစံလုပ်ဖို့ စိတ်ကူးရခဲ့ပြီး ဘရစ်တနီကိုချပြတော့ သူကလည်း သဘောတူခဲ့ တယ်။ ဟုတ်ပါတယ် ကျွန်မက ဂျီနာဒေဗီးစ်ကို ကြိုက်တဲ့ပရိသတ်ပါ။ ဒါပေမယ့် သူ့ပုံစံအတိုင်း တစ်ပုံစံတည်းအတုခိုးပြီး လုပ်တာမျိုး ကျွန်မ မကြိုက်လို့ ရယ်ရွှင်ဖွယ်လည်းဖြစ်အောင်နဲ့ ကြည့်လိုက် တာနဲ့ တစ်ခါတည်း ထင်သာမြင်သာရှိအောင် ဖန်တီးခဲ့တာပါ''လို့ ရှင်းပြခဲ့ပါတယ်။"Prelty Girls"အယ်ဘမ်ကို မေ ၅ ရက် တွင် ဈေးကွက်မှာ ဖြန့်ချိသွားမှာဖြစ်ပြီး ဘရစ်တနီနဲ့ အစ်ဂျီတို့ရဲ့ နှစ်ယောက်တွဲ ဖျော်ဖြေမှုကို မေ ၁၇ ရက်မှာကျင်းပမယ့် Billboasd Music Awardsမှာ ရှုစားရမှာဖြစ်ပါ တယ်။
မေလဲ့သင်း

No comments:

Post a Comment