Saturday, May 2, 2015

ဆမ်စမစ် ၁၄ ရက်အတွင်း ကိုယ်အလေးချိန်သိသာစွာလျှော့ချ





ယခုနှစ်ဂရမ်မီဆုအများဆုံးဆွတ်ခူးထားခဲ့သူ ဆမ်စမစ်ဟာ သူရဲ့ကိုယ်တိုင်ရိုက်ဓာတ်ပုံကို Instagram မှာတင်ခဲ့ရာ ကိုယ်အလေးချိန်အများကြီး လျှော့ချထားနိုင်တာကြောင့် ပရိသတ်များက အံ့သြနေခဲ့ပါတယ်။ သူက Alemia Freer Eat. Nourish. Glow စာအုပ်ကိုဖတ်ပြီး၁၄ရက်အတွင်း ၁၄ ပေါင် ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့ပါတယ်လို့ဆိုခဲ့တယ်။
ဖရီလာကPeople သို့ပြောကြားခဲ့ရာမှာ'' ဆမ်စမစ်အနေနဲ့ဒီအဖွဲ့က ကျန်းမာရေးအကြံပေးပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှပဲ ဒီနည်းလမ်းတွေအတိုင်း လိုက်ပါ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင် လူတော်တော်များများက ဆမ့်လို အန္တရာယ်မများဘဲ အာဟာရဓာတ်ကြွယ်ကြွယ်ဝဝနဲ့ ကိုယ်အလေးချိန် လျှော့ချဖို့ အလွန်ပဲစိတ်ဝင်စားနေကြပြီ။ ဒါကြောင့် ဘယ်သူမဆို ငယ်ငယ၊် ကြီးကြီး ကိုယ်မစားခင် ဘယ်အစားကဘယ်လောက်ထိအာဟာရကြွယ်ဝတယ်။ဘေးထွက်ဆိုးကျိုးဘယ်လောက်ထိရှိတယ်ဆိုတာကို သတိထားသင့်ပါတယ်။သဘာဝအတိုင်းရရှိတဲ့ အစားအစာတွေနဲ့ လတ်ဆတ်တဲ့အစားအသောက် တွေကိုပဲရွေးချယ်သင့်သလို အသားတွေစားမယ့်အစား အာဟာရဓာတ်ပြည့်စုံ နေတဲ့ ငါးအမျိုးအစားတွေကိုပဲရွေးချယ်စားသုံးသင့်ပါတယ်'' လို့ရှင်းပြပေးခဲ့ ပါတယ်။
ဆမ်စမစ်ဟာအခုလက်ရှိမှာ အသံပိုင်းဆိုင်ရာ ပြဿနာအနည်းငယ်ရှိနေ လို့ သြစတြေးလျရဲ့ ဘရစ်စဘိန်းနဲ့ ဆစ်ဒနီတို့မှာဖျော်ဖြေပြီး မဲလ်ဘုန်း၊ပါ့သ် နဲ့အက်ဒလိတ်မြို့ဖျော်ဖြေရေးခရီးစဉ်ကိုဖျက်သိမ်းထားခဲ့ရပါတယ်။
မေလဲ့သင်း

No comments:

Post a Comment