Friday, May 1, 2015

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ





ဖားကန့်မြို့နယ်

ဧပြီ ၂၇ ရက်က မူးယစ်တပ်ဖွဲ့စု (၂) မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရပ်ကွက်(၁)၊ တောင်ပေါ်ဘုန်းကြီးကျောင်းအနီးတွင် မြင့်စိုး(ခ)မောင်ဆန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အတွင်းခံဘောင်းဘီအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၉ ပြားနှင့် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရပ်ကွက် (၄) အပိုင်း (၂) ရှိ ၎င်း၏အခန်းကို ဆက်လက်ရှာဖွေရာ ခေါင်းအုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၁ ပြား စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၆၂ဝ သိမ်းဆည်းရမိသဖြင့် မြင့်စိုး(ခ)မောင်ဆန်း (၄၃)နှစ်အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
နောင်ချိုမြို့နယ်
ဧပြီ ၂၇ ရက်က မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များသည် နောင်ချိုမြို့အဝင် အေးရှားဝေါလ် တိုးဂိတ်အနီးတွင် မူဆယ်မြို့မှ မန္တလေး မြို့ဘက်သို့ မြင့်ဌေးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ တာယာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝ သိမ်းဆည်းရမိသဖြင့် မြင့်ဌေးအောင် (၃၄) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
လားရှိုးမြို့နယ်
ဧပြီ ၂၇ ရက်က မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ် လားရှိုး- ပိန်းခမ်းသွားလမ်း ကုန်းညောင်ကျေးရွာအထွက် တံတားအနီးတွင် ပိန်းခမ်းကျေးရွာမှ ကုန်းညောင်ကျေးရွာဘက်သို့ ဇွဲလွတ် မောင်းနှင်ပြီး အောင်အောင် လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ အောင်အောင်၏ အင်္ကျီအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ သိမ်းဆည်းရမိသဖြင့် ဇွဲလွတ် (၁၈)နှစ်နှင့် အောင်အောင် (၂ဝ)နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment