Saturday, May 30, 2015

ဆန်းဒါးလန်းကို တန်းဆင်းဇုန်မှ ကယ်တင်ပြီးထွက်ခွာသွားတဲ့ နည်းပြအက်ဒ်ဗိုကတ်



ကောင်းမြတ်သူ-စုစည်းသည်

ဒီနှစ် ပရီမီယာလိဂ်ရဲ့ တန်းဆင်းဇုန်လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ ဆန်းဒါးလန်းအသင်းလည်း ပါဝင်ခဲ့ပါတယ်။ ဆန်းဒါးလန်းအသင်းကို တန်းဆင်းလွတ်အောင် အဓိက စွမ်းဆောင်ပေးခဲ့သူကတော့ နည်းပြ အက်ဒ်ဗိုကတ်ပဲ ဖြစ်ပါတယ်။ သူဟာ အသင်းကို တန်းမဆင်းရရေးကြိုး စားပေးပြီးနောက် အသင်းမှ ထွက်ခွာခဲ့ပါပြီ။ အသက် ၆၇ နှစ်အရွယ် ဒတ်ခ်ျလူမျိုး အက်ဒ်ဗိုကတ်က သူ့အနေ နဲ့ ဆန်းဒါးလန်းအသင်းနဲ့ နည်းပြကြာကြာဆက်လုပ်ဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ သူဟာ ရာထူးက ထုတ်ပယ် လိုက်တဲ့ မိုယက်စ်ရဲ့ နေရာမှာ မတ်လကစတင်ပြီး ဆန်းဒါးလန်းနည်းပြဖြစ်လာခဲ့ပါတယ်။ ထိုစဉ်က ဆန်းဒါး လန်းအသင်းဟာ တန်းဆင်းဇုန်အထက် တစ်မှတ်နဲ့ ရပ်တည်နေခဲ့ပါတယ်။ ''ဆန်းဒါးလန်းဟာ ကျွန်တော့်ဘဝ ထဲက အမှတ်ရစရာတစ်ခုအဖြစ် ရှိနေမှာပါ''လို့ သူက ဆိုပါတယ်။ သူ့ကို ဥရောပထိပ်သီးကလပ်တွေက ခေါ်ယူ ဖို့ အဆက်အသွယ်တွေပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ အက်ဒ်ဗိုကတ်ဟာ အာဆင်နယ်ကို ဂိုးမရှိသရေ ကစား နိုင်ခဲ့တဲ့ပွဲမှာ အသင်းကို တန်းဆင်းလွတ်အောင် ကြိုးစား ပေးနိုင်ခဲ့တဲ့အတွက် မျက်ရည်များပင် ကျခဲ့ရတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment