Saturday, May 30, 2015

အန်ဖီးလ်မှာ ဆက်ရှိနေမယ့် ဘာလော့တယ်လီ





 

ကောင်းမြတ်သူ-စုစည်းသည်

အီတလီတိုက်စစ်မှူး ဘာလော့တယ်လီဟာ ဒီနှစ် နွေရာသီမှာ အန်ဖီးလ်က ထွက်ခွာမှာမဟုတ်ဘူးလို့ သူ့ရဲ့ အေးဂျင့် မီနိုရေယိုလာက ပြောဆိုလိုက်ပါတယ်။ ဘာ လော့တယ်လီဟာ ၂ဝ၁၄ သြဂုတ်လက ပေါင် ၁၆ သန်း နဲ့ အေစီမီလန်အသင်းကနေ လီဗာပူးကို ပြောင်းရွှေခဲ့ပါ တယ်။ ဒါပေမယ့် သူဟာ အန်ဖီးလ်ကို ပြောင်းရွှေ့တဲ့ ပထမနှစ်မှာ လီဗာပူးအတွက် တစ်ဂိုးသာသွင်းယူပေးနိုင် ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ ဘာလော့တယ် လီကို လီဗာပူးက ပြောင်းရွှေ့စေချင်တဲ့ အနေအထားရှိ တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ဘာလော့တယ် လီကို လီဗာပူးက ထွက်ခွာမလားလို့ မေးလာမယ်ဆိုရင် ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ ဖြေရပါလိမ့်မယ်လို့ အေးဂျင့်က ဆိုပါတယ်။ ဘာလော့တယ်လီအနေနဲ့ ကြိုး စားမှုတွေ ပိုမိုပြုလုပ်သွားဖို့လိုအပ်တယ်လို့ နည်းပြ ရော်ဂျာက ဆိုပါတယ်။

''ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းပြ ဘရီဒန်းရော်ဂျာနဲ့ ဆွေးနွေးဖို့ မရှိပါဘူး။ ဘာလော့တယ်လီဟာ လာမယ့် ရာသီမှာ လီဗာပူးမှာ ဆက်ရှိနေမယ်ဆိုတာ အခိုင်အမာ ပါပဲ''လို့ ရေယိုလာက ဆိုပါတယ်။ လာမယ့်ရာသီမှာ ဘာလော့တယ်လီအနေနဲ့ လီဗာပူးအတွက် အကောင်းဆုံး ကစားပေးမယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့လည်း အေးဂျင့် မီနိုရေယိုလာက ဆိုပါတယ်။

No comments:

Post a Comment