Saturday, May 30, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ဇယား(၁)နှင့်ဇယား(၂)လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပ




Myanmaalinn's photo.
နေပြည်တော် မေ ၂၉


ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ဇယား(၁)နှင့်ဇယား (၂) လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နိုင်ငံတော်သမ္မတရုံး အစည်း အဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ဇယား (၁)နှင့်ဇယား(၂) လေ့လာသုံးသပ် ရေးကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြ သောသမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးလှထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ကဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၁) နှင့် ဇယား(၂)ကို အပြီးပြင်ဆင်ရေး အတွက် ယခုအစည်းအဝေးသည် နောက်ဆုံး အစည်းအဝေးအဖြစ် မျှော်လင့်ပါကြောင်း၊ ဇယား(၁)ပါ အချက်များနှင့် ဇယား(၂)ပါ အချက် များမှကောက်နုတ်၍ အံဝင်ခွင်ကျ အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဇယား(၁)၊ ဇယား(၂)နှင့် ဇယား(၅)ပါ အကြောင်းအရာများကို ဥပဒေ ကြမ်းတွင် ပါဝင်နိုင်ရန် ပြည်ထောင်စု အဆင့်မှ တိုင်းဒေသကြီးအဆင့်အထိ လုပ်ပိုင်ခွင့်များ ခွဲဝေပေးရမည် ဖြစ် ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင် နိုင်သိန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၁)နှင့်ဇယား(၂) ပြင်ဆင်နိုင် ရေးကို အမြန်ဆောင်ရွက်ပြီး ရှေ့နေ ချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဇယား(၁)ပါ ပုဒ်မ(၉၆)အရ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့်လည်းကောင်း၊ ဇယား(၂)ပါ ပုဒ်မ (၁၈၈)အရ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လည်းကောင်း အာဏာသက်ရောက်မည်ဖြစ်ကြောင်း၊ ဇယား(၁)တွင် ပုဒ်မပေါင်း(၁၂၃)ခု ပါဝင်၍ ဇယား(၁)နှင့်ဇယား(၂) ကောက်နုတ်ချက်များကို အချိန် ကန့်သတ်ချက်ဖြင့် ပြင်ဆင်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို လုပ်ပိုင်ခွင့်ခွဲဝေပေးရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှ ထွန်းက ယနေ့ အစည်းအဝေးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)ကို အတည်ပြုခဲ့သည့် (၇)နှစ်ပြည့်သော နေ့ရက်ဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်း ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို ပြင်ဆင်ရခြင်းဖြစ်၍ လက်တွေ့ ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိကြပါကြောင်း၊ အစိုးရယန္တရား မြန်ဆန်ချောမွေ့စေရေး ပြင်ဆင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်း အားလုံးကို ဥပဒေ/စည်းမျဉ်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူစဉ် ပြင်ဆင် သင့်သည်များကို ပြင်ဆင်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈) ဇယား(၁)နှင့်ဇယား (၂)လေ့လာသုံးသပ်ရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ဝန်ကြီးဌာနများ မှ ညှိနှိုင်းရရှိထားသည့်အပိုင်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြ သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့မှ ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြသည်။
ထိုသို့ဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ များက ပြန်လည်ဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment