Saturday, May 30, 2015

မူဟမ်မာဒူဘူဟာရီ နိုင်ဂျီးရီးယားသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို



 The Mirror Daily's photo.

 အဘူဂျာ မေ ၂၉

နိုင်ဂျီးရီးယားခေါင်းဆောင်သစ် မူဟမ်မာဒူ ဘူဟာရီက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ဂျီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာ၊ ကြံ့ခိုင်မှုနှင့် ကြွယ်ဝချမ်းသာရေးအတွက် ¤င်း၏တာဝန်ဝတ္တရားများကို သစ္စာရှိစွာဖြင့် အကောင်းဆုံးထမ်းဆောင်သွားမည်ဟု ကတိပြုရင်း မေ ၂၉ ရက်တွင် နိုင်ဂျီးရီးယားနိုင်ငံသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

ဘူဟာရီ၏ အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို မြို့တော် အဘူဂျာမြို့လယ်ရှိEagles Square ၌ ကျင်းပခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံ တရားသူကြီးချုပ် မာမွတ်မိုဟာမက်နှင့် နိုင်ဂျီးရီးယားနိုင်ငံ၏ နိုင်ငံတကာမိတ်ဆွေများနှင့် နိုင်ဂျီးရီးယားပြည်သူများ၏ရှေ့မှောက်တွင် သမ္မတသစ်က ကျမ်းသစ္စာဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်းမှ ဒါဇင်ပေါင်းများစွာသော သမ္မတများ၊ နိုင်ငံ့အကြီးအကဲများကလည်း အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

တရုတ်နှင့် အမေရိကန်ခေါင်းဆောင်များက လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဟန်ရှန်ဖူးနှင့် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီခေါင်းဆောင်သော သြဇာအာဏာရှိသည့် ကိုယ်စားလှယ်အဖွဲ့များကို အသီးသီးစေလွှတ်ခဲ့သည်။ အာဖရိက သမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ်သူ ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီက ပြီးခဲ့သည့် မတ် ၂၈ ရက်က ကျင်းပခဲ့သည့် နိုင်ဂျီးရီးယားသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိလာသူ ဘူဟာရီ၏ ရာထူးအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်ရန် အခြား အာဖရိကခေါင်းဆောင်များကို ဦးဆောင်လာခဲ့ကြောင်း သိရသည်။
ဆင်ဟွာ။

No comments:

Post a Comment