Saturday, May 30, 2015

လက်တင်အမေရိကတွင် ဖီဖာကို စုံစမ်းစစ်ဆေးလျက်ရှိ




The Mirror Daily's photo.

ဆော်ပေါ်လို မေ ၂၉

ဘရာဇီးနိုင်ငံတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ဖြစ်နိုင်ဖွယ်ရှိသော အဂတိလိုက်စားမှုများကို ရဲတပ်ဖွဲ့က စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ယနေ့သတင်းများက ဖော်ပြသည်။

တရားရေးဝန်ကြီး အက်ဒွါဒို ကာဒိုဇိုက ၎င်းတို့သည် ဘရာဇီးနိုင်ငံ အတွင်း အခွန်တိမ်းရှောင်ခြင်းနှင့် ငွေကြေးခဝါချခြင်းတို့ဖြစ်နိုင်သဖြင့် စုံစမ်း စစ်ဆေးလျက်ရှိသည်ဟု ပြောသည်။

အာဂျင်တီးနားနိုင်ငံတွင်လည်း အမေရိကန်ပြည်ထောင်စုက အလိုရှိ သော နိုင်ငံတွင်းမှ စီးပွားရေးလုပ်ငန်းရှင် သုံးဦးအား ဖမ်းဆီးရန် တရားသူကြီး တစ်ဦးက ဝရမ်းထုတ်ထားပြီးဖြစ်သည်။
ကော်စတာရီကာနိုင်ငံတွင်လည်း ကော်စတာရီကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အက်ဒွါဒိုလီအပေါ် အမေရိကန်ပြည်ထောင်စုက စွပ်စွဲထားခြင်းအား စုံစမ်းစစ်ဆေးလျက်ရှိသည်။

မေ ၂၇ ရက်က ဘရာဇီးအထက်လွှတ်တော်အမတ်ဖြစ်သော ကမ္ဘာကျော်ဘောလုံးသမားဟောင်း ရိုမာရီယို(ယာပုံ)က ဖီဖာပြဿနာများကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တရားဝင်တင်ပြခဲ့ခြင်းဖြစ်သည်။
ရိုက်တာ။

No comments:

Post a Comment