ရန်ကုန် မေ ၂၉
ရန်ကုန် မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်အား မြန်နှုန်း
မြင့်ဖွံ့ဖြိုးတိုးတက်စေရန် အဓိက ထားရည်ရွယ်၍ လှိုင်သာယာ မြို့နယ်
စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်စိုး၊ အတွင်းရေးမှူး
ဦးခင်မောင်ကြီးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ
အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန်ရှိသူ များသည်
ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်မိရပ်ဖ များ၏
ပူးပေါင်းပါဝင်မှုအားကို ရယူ၍ မြို့နယ်အတွင်းရှိ လမ်း အသီးသီးတို့ကို
မွမ်းမံပြင်ဆင် ခင်းကျင်း ဆောင်ရွက်နေသည့် ကာလတွင်
စီးပွားရေးလုပ်ငန်းရှင် တချို့နှင့် ယာဉ်မောင်းတို့သည်
မိမိအလိုဆန္ဒတစ်ခုတည်းကိုသာ ရှေ့တန်းတင်၍ ၎င်းတို့၏ ကုန်
ပစ္စည်းတင်ကားကြီးများကို မဆင် မခြင် ဝင်ထွက်သွားလာမောင်းနှင် မှုများ
ရှိနေခြင်းကြောင့် ယာဉ်ကျောပိတ်ဆို့မှု၊ လမ်းပိတ်ဆို့မှု များ
နေ့စဉ် ကြုံတွေ့နေရပြီး တန်ပိုတင်ယာဉ်ကြီးများ ဝင်ထွက်
သွားလာမှုကြောင့် လမ်းသား ကြံ့ခိုင်မှု အားနည်းခြင်းတို့ကို
ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ကြပ်မတ်
စစ်ဆေးဆောင်ရွက်ရန် လိုအပ် လျက်ရှိသည်ဟု ရပ်ကွက်တာဝန်ရှိ သူတစ်ဦးက
ပြောသည်။
မင်းထက်ပိုင်(လှိုင်သာယာ)
မင်းထက်ပိုင်(လှိုင်သာယာ)
No comments:
Post a Comment