Friday, May 1, 2015

ဒေဂီယာ မန်ယူမှာဆက်ရှိဖို့ သေချာသွားပြီလား



မန်ယူဂိုးသမား ဒေးဗစ်ဒေဂီယာဟာ ရာသီအကုန်မှာ မန်ယူနဲ့ စာချုပ်ကုန် ဆုံးတော့မှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း စပိန်ထိပ်တန်းကလပ် ရီးရဲမက်ဒရစ်က အရခေါ်ယူသွားဖို့ ကြိုးစားနေပါတယ်။ စပိန်နိုင်ငံသား ဒေးဗစ်ဒေဂီယာအနေနဲ့လည်း စပိန်ကို ပြန်ချင်နေတဲ့အနေအထားရှိပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့သီတင်းပတ်က မန်ယူက တစ်ပတ်ပေါင် နှစ်သိန်းအထိ တိုးပေးပြီး ကမ်းလှမ်းလိုက်တဲ့အတွက် မန်ယူမှာ ဆက်ရှိဖို့ သေချာသွားပြီ ဖြစ်ပါတယ်။ 

ဒီမတိုင်မီက ဒေဂီယာကို ထပ်မံစာချုပ်ဖို့ နည်းပြ ဗန်ဟားလ်က မီးစိမ်းမပြခဲ့ပါဘူး။ ဒီအတွက်ကြောင့်လည်း ယခုရာသီအကုန်မှာ ဒေဂီယာ အနေနဲ့ မန်ယူကို ကျောခိုင်းထွက်ခွာသွားနိုင်တယ်လို့ ဘောလုံးကျွမ်းကျင် သူတွေက တွက်ဆထားခဲ့ကြပါတယ်။ ဒေဂီယာဟာ ၂ဝ၁၅ ခုနှစ် PFA အတွက် အကောင်းဆုံး ဘောလုံးသမားဆုဆန်ခါတင်လေးဦးမှာ ပါဝင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ သူဟာ ဒီနှစ် ပရီမီယာလိဂ်မှာ မန်ယူအတွက် အကောင်းဆုံး လက်စွမ်းပြကာကွယ်ပေးနိုင်ခဲ့ပါတယ်။ မန်ယူက အမြန်ဆုံး စာချုပ်ချုပ်နိုင်ဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ မကြာခင်မှာ စာချုပ်ချုပ်နိုင် မယ်လို့ မျှော်လင့်ရပါတယ်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment