Friday, May 1, 2015

ချယ်လ်ဆီးအတွက် နိုင်ပွဲဆက်မယ့် ပွဲပါ





ပရီမီယာလိဂ် လက်ကျန်ပွဲစဉ်အဖြစ် မေ ၃ရက်မှာ ချယ်လ်ဆီးနဲ့ ခရစ္စ တယ်ပဲလေ့စ်၊ စပါးနဲ့ မန်စီးတီးတို့ ပွဲတွေကစားဖို့ရှိပါတယ်။ ဒီနှစ်ပရီမီယာ လိဂ်ဖလားကို သိမ်းပိုက်တော့မယ့် ချယ်လ်ဆီးတို့အတွက် အနိုင်ရလဒ်ကို ပုံဖော်မှာဖြစ်ပြီး မန်စီးတီးတို့ကလည်း အမှတ်ပြည့်ရဖို့ အားထုတ်မှာကို မြင်တွေ့ အားပေးရဦးမှာဖြစ်ပါတယ်။
ချယ်လ်ဆီးနှင့် ခရစ္စတယ်ပဲလေ့စ်
ပထမအကျော့ ခရစ္စတယ်ပဲလေ့စ်ကွင်းမှာကစားတော့ ချယ်လ်ဆီးက နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရထားပါတယ်။ ချယ်လ်ဆီးဟာ ဒီနှစ်ပရီမီယာလိဂ် ဖလားကို ရယူဖို့ ဟန်ပြင်နေပြီး ပွဲတိုင်းအမှတ်ပြည့်ရရေး ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ဂိုးမရှိသရေပွဲဖြစ်ပြီး တစ်မှတ်ရရှိခဲ့တာက လွဲလို့ ကျန်ပွဲစဉ်တွေဖြစ်တဲ့ မန်ယူ၊ စတုတ်၊ ဟားလ်စီးတီး စတဲ့ပွဲစဉ်တွေမှာ အနိုင်ပွဲ တွေရထားပါတယ်။ လက်ရှိခြေစွမ်းအရလည်း ချယ်လ်ဆီးတို့က ပုံမှန် ခြေစွမ်းရနေပြီး ဒီနှစ်ပရီမီယာလိဂ် လက်ကျန်ပွဲစဉ်တွေကို နိုင်ပွဲတွေချည်း ရယူဖို့ ကြိုးစားနေပါတယ်။
ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုကလည်း လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ယူပြီး ဖလားသိမ်းပိုက်ဖို့ ကြုံးဝါးထားတာမို့ အခုပွဲမှာ ခရစ္စတယ်ပဲလေ့စ်တို့ သိပ်တော့မလွယ်ပါဘူး။ ဒါပေမယ့် မန်စီးတီးလိုအသင်းကို အနိုင်ရအောင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့ ခြေစွမ်းက လျှော့တွက်လို့ မရတာမို့ အခုပွဲမှာ ချယ်လ်ဆီးဟာ အလေး အနက်ထားကစားမှရပါလိမ့်မယ်။ ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်တို့က ဟားလ်စီးတီးနဲ့ ဝက်စ်ဘရွန်းကို နှစ်ဂိုးပြတ်စီ ဆက်တိုက်ရှုံးထားတာမို့ အခုပွဲ မှာလည်း ခက်ခဲဦးမယ့်အနေအထားပါ။ ဒါကြောင့် အဝေးကွင်းလည်းဖြစ်တာမို့ ခရစ္စတယ်ပဲလေ့စ်တို့အတွက် အမှတ်မျှော်လင့်လို့ မရနိုင်တဲ့ပွဲ ဖြစ်ပါတယ်။
စပါးနဲ့ မန်စီးတီး
မန်စီးတီးအတွက် ခက်ခဲမယ့်ပွဲဖြစ်ပြီး စပါးရဲ့ အိမ်ကွင်းရုန်းအားကို ကြုံတွေ့ရမယ့်အနေအထားရှိပါတယ်။ စပါးတို့က အိမ်ကွင်းမှာ ခြေစွမ်းပြနိုင် နေပြီး အမှတ်ရအောင်ကြိုးစားမယ့် စုဖွဲ့မှုနဲ့ မန်စီးတီးကို ရင်ဆိုင်ဖို့ရှိနေ ပါတယ်။ မန်စီးတီးတို့ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခိုင်မာစိတ်ချ ရအောင်အမှတ်စုဆောင်းဖို့ လိုအပ်နေတာမို့ အခုပွဲစဉ်မှာ အမာခံကစား သမားအစုံအလင်နဲ့ ပွဲထွက်လာမှာဖြစ်ပြီး စပါးကို အမှတ်ခွဲမပေးရဖို့ အားထုတ်ပါလိမ့်မယ်။ မန်စီးတီးမှာ အဂူရိုက ပုံမှန်ဂိုးသွင်းနိုင်နေသလို စပါးခံစစ်ကြောင်းကို အချိန်ပြည့် ခြိမ်းခြောက်နိုင်သူဖြစ်ပါတယ်။ မန်စီးတီးရဲ့ ပေါက်ကွဲမှုက စပါးတို့ခုခံမှုကို လွှမ်းမိုးနိုင်မလား ကြည့်ရမယ့် အခြေအနေ ပါပဲ။ စပါးတို့က ဒီပွဲမှာ အမြင့်ဆုံးမျှော်မှန်းနိုင်တာက သရေတစ်မှတ်ဖြစ်ပြီး မန်စီးတီးတို့ကတော့ အမှတ်ပြည့်သိမ်းပိုက်နိုင်ရေး ခြေကုန်ထုတ်မှာဖြစ်ပါ တယ်။ ။
မိုးမြင့်လင်းလက်

No comments:

Post a Comment