Saturday, May 2, 2015

ဖိလစ်ပိုင်လက်ဝှေ့ကျော်က သမ္မတဖြစ်လိုသည်ဟုဆို




The Mirror Daily's photo.


မနီလာ မေ ၁

လက်ဝှေ့သူရဲကောင်း မန်နီပက် ကွိုင်ရာအိုက လက်ဝှေ့ထိုးသတ်ခြင်းမှ အနားယူသောအခါ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပါကြောင်း ထုတ်ဖော်အသိ ပေးသည်ဟု အေအက်ဖ်ပီက ယနေ့ဖော်ပြသည်။

ယခုရက်သတ္တပတ်ကုန်တွင် အမေ ရိကန်နိုင်ငံသား ဖလွိုက်မေဝယ်သာ နှင့်ထိုးသတ်မည့် ဖိလစ်ပိုင်နိုင်ငံသား ကမ္ဘာ့ချန်ပီယံက ၎င်း၏ ထူးခြားပြောင်မြောက်သော အားကစားစွမ်း ဆောင်ချက်များမှ ဆင်းသက်လာသည့် ကျော်ကြားမှု၊ ကြွယ်ဝမှုတို့ကို အောင်မြင်သော နိုင်ငံရေးသမားတစ်ဦးဖြစ် လာရန် စတင်အသုံးပြုပြီ ဖြစ်သည်။

တစ်ချိန်က လမ်းပေါ်မှ လေလွင့် လူငယ်တစ်ဦးဖြစ်ခဲ့သော အသက် ၃၆ နှစ်ရှိ ၎င်းလက်ဝှေ့သမားသည် ယခုအခါ ဒုတိယသက်တမ်းလွှတ် တော်အမတ်ဖြစ်နေပြီဖြစ်သည်။ အာရှ၏ အကြီးမားဆုံးသော နိုင်ငံရေးမတည်ငြိမ်မှု၊ အဂတိလိုက်စား မှုတို့ကို အနိုင်ယူလိုသော၎င်း၏ ဆန္ဒကို လူသိရှင်ကြား ထုတ်ဖော်ပြော ဆိုခဲ့သည်။

ပက်ကွိုင်ယာအိုက ၎င်း၏ သမ္မတ ဖြစ်လိုသော ဆန္ဒကို ၂ဝ၁၃ ခုနှစ် တွင် အေအက်ဖ်ပီသို့ အတည်ပြု ပြောကြားခဲ့သည်။ ထိုအချိန်က ၎င်း၏ အကြံအစည်အတွက် ရှက်ကိုးရှက် ကန်းဖြစ်နေသည်။ ရည်မှန်းချက် ပြည့်မီရန်မှာ အချိန်များစွာ လိုသေးကြောင်း ဘုရားသခင်၏ အလိုတော် အတိုင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၎င်း၏ အမေရိကန်နိုင်ငံသား မိတ်ဆွေက ပက်ကွိုင်ယာအိုသည် ၂ဝ၁၆ ခုနှစ်တွင် ဖိလစ်ပိုင်၏ အထက်လွှတ်တော် အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂ဝ၂၂ ခုနှစ် သို့မဟုတ် ယင်းကာလ၏ နောက်ပိုင်းတွင် သမ္မတ ရွေးကောက်ပွဲ၌ ဝင် ရောက်ယှဉ်ပြိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

လက်ဝှေ့ကြိုးဝိုင်းအတွင်း၌ ၎င်း၏ စွမ်းဆောင်ချက်နှင့် အားကစား စိတ်ဓာတ်ပြည့်ဝမှုကို ဖိလစ်ပိုင် ပြည်သူများက ချီးကျူး၍ ကြည်ညို လေးစားကြသည်။ လွှတ်တော် မှတ်တမ်းများအရ ၂ဝ၁၄ ခုနှစ်တွင် လွှတ်တော် အစည်းအဝေးအကြိမ် (၇ဝ) ကျင်းပရာ၌ ပက်ကွိုင်ယာအိုသည် လေးကြိမ်သာ တက်ရောက်ခဲ့ပြီး ၎င်းပြုစုသော ဥပဒေကြမ်းလေးခုမှာလည်း တစ်ခုမျှ ဥပဒေအဖြစ်သို့ ရောက်ရှိလာခြင်း မရှိခဲ့ပေ။
ရိုက်တာ။

No comments:

Post a Comment