Saturday, May 30, 2015

ကျေးရွာ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်





သထုံ မေ ၂၉

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တွင် ကျောင်းသား ကျောင်းသူများ ကျောင်းဖွင့်ချိန်အမီ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် သထုံ မြို့နယ် ကတိုက်ကလေးကျေးရွာ တွင် ဆောက်လုပ်ပြီးစီးပြီဖြစ်သော အခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်ကို မေ ၂၇ ရက် က ပညာရေးဝန်ကြီးဌာနသို့ လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။

ပေးအပ်ပွဲကို အဆိုပါကျောင်း တွင် ကျင်းပရာ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ဇော်နှင့် မြို့နယ်ပညာရေးမှူး ဦးသိန်း ဝင်းတို့က ကျောင်းဆောင်သစ် ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်အောင်နှင့်ရပ်မိရပ်ဖတစ်ဦးတို့က လာမည့်ပညာသင်နှစ် တွင်မိမိတို့၏ ရင်သွေးငယ်များ လုံခြုံအေးချမ်းစွာပညာ သင်ကြားခွင့် ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြ သည့်အတွက် အထူးကျေးဇူးတင် ပါကြောင်း ဒေသခံပြည်သူများ ကိုယ်စား ဝမ်းမြောက် စကားများ ပြောကြားခဲ့သည်။

အဆိုပါ ကျောင်းကို ပညာရေး ဝန်ကြီးဌာနမှ ခွင့်ပြုငွေဖြင့် အလျား ပေ ၉ဝ၊ အနံ ပေ ၃ဝ ဖြင့်အာရ်စီ တစ်ထပ် တည်ဆောက်ခြင်းဖြစ်ပြီး ယခု ကျောင်းဆောင်သစ်မှာ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီ မတိုင်မီတွင် သထုံမြို့နယ်အတွင်း ခုနစ်ခုမြောက် လွှဲပြောင်းပေးအပ် နိုင်သည့် ကျောင်းဆောင်သစ်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ သက်ဦး (သထုံ)

No comments:

Post a Comment