ရန်ကုန် မေ ၂၉
ဇွန် ၂၆ ရက်တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်
ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် အကြိုလှုပ်ရှားမှုအဖြစ် အသိ
ပညာပေးဟောပြောပွဲကို မေ ၂၇ ရက်က ရန်ကုန်(တောင်ပိုင်းခရိုင်)
လူမှုဝန်ထမ်းဦးစီးဌာန သန်လျင် လူငယ် သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မူးယစ်ဆေးဝါးပြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း (ရန်ကုန်)မှ လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်အေးအေးလွင်က မူးယစ်ဆေးဝါး ပြတ်ပြီးသူများ (ရန်ကုန်) ပြန်လည် ထူထောင်ရေးစခန်းသည် မူးယစ် ဆေးဝါးသုံးစွဲခဲ့ပြီး အမှားကို သိရှိ၍ အမှန်ပြင်လာသူများအား တွဲခေါ် ထူထောင်ပေးသည့်အဖွဲ့ ဖြစ်ပါ ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်အတူလူမှုရေး အဖွဲ့အစည်းများ ကပါ လူ့ဘောင်ကောင်းကျိုးအတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်လျက်ရှိ ကြောင်း ဆေးဖြတ်သည်က ရှက်စရာ မဟုတ်ဘဲ ဆေးမဖြတ်သည်ကသာ ရှက်စရာဆိုသည်ကို သိနားလည် ဖို့လိုပါကြောင်း၊ ထို့ကြောင့် မူးယစ် ဆေးဝါးကို မသုံးစွဲဖို့လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးသုံးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)မှ ဦးကံမြင့်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းဟောပြော ပြီး MANA အသင်း၏ အဖွဲ့ ခေါင်းဆောင် ဦးစိုင်းအောင်ခမ်းနှင့် အဖွဲ့ဝင် ဦးမင်းအောင်သွင်တို့က ၎င်းတို့ကိုယ်တိုင် မူးယစ်သားကောင် ဘဝရောက်ခဲ့ရ၍ လူမှုရေး၊ ကျန်းမာ ရေးများဆုံးရှုံးပြီးမှ အသိတရားရလာ ခဲ့ပုံများကို ကိုယ်တွေ့ကြုံဖြစ်ရပ်များနှင့်မူးယစ်ဆေးအန္တရာယ်အကြောင်း ကို ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အောင်သန်း(မင်္ဂလာတောင်ညွန့်)

No comments:
Post a Comment