ပခုက္ကူ မေ ၂၉
(၈၉၈)ကြိမ်မြောက် ပခုက္ကူမြို့ သီဟိုဠ်ရှင်မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ
ပွဲတော်ကြီးကို နယုန်လဆန်း ၈ ရက်မှလပြည့်ကျော် ၁၄ ရက်အထိ စည်ကား
သိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သီဟိုဠ်ရှင်မြတ်စွာဘုရားဗုဒ္ဓပူဇနိယပွဲတော်ကြီးသည် ပခုက္ကူမြို့နယ်တွင် အစည်ကားဆုံး ဘုရားပွဲတော်ကြီးဖြစ်ပြီး အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း နယုန်လပြည့်နေ့တွင် ဘုရားပွဲအထိမ်းအမှတ်အဖြစ် ပခုက္ကူမြို့ပေါ်ရှိ စာသင်တိုက်ကြီးသုံးတိုက်နှင့် မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများ၊ မြို့အနီး တစ်ဝိုက်ရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အပါး ၂ဝဝဝ ကျော် ပင့်ဖိတ်ပြီး ဆွမ်းသပိတ်လုံးများ ကပ်လှူပူဇော်ကြကြောင်း သိရသည်။
ဥာဏ်တိုး(iprd)

No comments:
Post a Comment