Saturday, May 2, 2015

နီပေါလယ်သမားများအား ဒေါ်လာရှစ်သန်းလှူဒါန်းရန် ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ နှိုးဆော်





The Mirror Daily's photo.


ရောမ မေ ၁

နီပေါနိုင်ငံတွင် အင်အားပြင်းထန်သော မြေငလျင် လှုပ်ခတ်မှုကြောင့် နိုင်ငံတော် စားနပ်ရိက္ခာ ထောက်ပံ့ရေး ထိခိုက်နိုင်ခြင်းမှ ပြန်လည်ကုစားရန်အတွက် နီပေါ လယ်သမားများအား အရေးပေါ်ကူညီမှုအဖြစ် အမေရိကန် ဒေါ်လာ ရှစ်သန်း (ယူရိုငွေ ၇ ဒသမ ၁ သန်း)လှူဒါန်းကြ ရန် ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့က ဧပြီ ၃ဝ ရက်တွင် အလှူရှင်များကို နှိုးဆော်လိုက်သည်။

အဓိကကျသော စိုးရိမ်ပူပန်မှုမှာ ယခုနှစ် စိုက်ပျိုးရေး ရာသီအတွင်း ဆန်စပါးစိုက်ပျိုးမှု သေချာ ပြုလုပ်နိုင်ရေးဖြစ်ကြောင်း၊ ဆန်စပါးသည် နီပေါနိုင်ငံ၏ အဓိက စားနပ်ရိက္ခာဖြစ်ပြီး မေလနှောင်းပိုင်းတွင် စတင် စိုက်ပျိုးနိုင်မည်ဟု မျှော်လင့်ရကြောင်း ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ နီပေါနိုင်ငံဌာနေ ကိုယ်စားလှယ်က ပြောကြားသည်။
ယခုနှစ် စိုက်ပျိုးရာသီတွင် နီပေါ လယ်သမားများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ပါက ၂ဝ၁၆ ခုနှစ်နှောင်းပိုင်းတွင် မည်သည့် သီးနှံကိုမျှ ရိတ်သိမ်းနိုင်မည်မဟုတ်ကြောင်း၊ နီပေါနိုင်ငံတွင် လူဦးရေ ၏ သုံးပုံနှစ်ပုံမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

နီပေါနိုင်ငံတွင် ဧပြီ ၂၅ ရက်က ပြင်းအား ၇ ဒသမ ၈ ရှိသော မြေငလျင်ကြီးလှုပ်ခဲ့ခြင်းကြောင့် လူပေါင်း ၆ဝဝဝ နီးပါး သေဆုံးခဲ့ရပြီး လူဦးရေ ၃ ဒသမ ၅ သန်းတို့ မှာ စားနပ်ရိက္ခာ လှူဒါန်းထောက်ပံ့မှု ရရှိရန် လိုအပ်နေ သည်။ အဆိုပါငလျင်ကြီးမှာ နှစ်ပေါင်း ၈ဝ အတွင်း အင်အားအပြင်းဆုံး လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ရိုက်တာ။

No comments:

Post a Comment