Saturday, May 2, 2015

မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အမျိုးသမီးအသင်းတို့ ယနေ့ ကစားမည်





သတင်းနှင့်ဓာတ်ပုံ - ရှိုင်းထက်ဇော်

၂ဝ၁၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပလျက်ရှိပြီး အုပ်စု(ခ)ပွဲစဉ်များကို ယနေ့ စတင်ယှဉ်ပြိုင်မည်ဖြစ်ကာ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲ၌ မလေးရှားနှင့် ဖိလစ်ပိုင်၊ ညနေ ၆ နာရီတွင် အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပြိုင်ပွဲအုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် သြစတြေးလျ၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ အုပ်စု(ခ)တွင် ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်နှင့်မလေးရှားတို့ ပါဝင် ကြသည်။ ပြိုင်ပွဲဝင် မြန်မာအသင်းကို အမျိုးသမီးနည်းပြ ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး ပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ထားသည်။
ယင်းပြိုင်ပွဲကို လေးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စုပွဲစဉ်များကို မေ ၁ ရက်မှ ၆ ရက်၊ ဆီမီးပွဲစဉ်များကို မေ ၈ ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို မေ ၁ဝ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု(ခ)တွင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ကို ပြိုင်ဘက်နှစ်သင်းဖြစ်သည့် ဖိလစ်ပိုင်နှင့် မလေးရှားအသင်းတို့ ယှဉ်ကစားနိုင်ရန် မလွယ်ဘဲ မြန်မာနှင့် ဗီယက်နမ်တို့၏ အဖွင့်ပွဲမှာ အုပ်စုပထမနေရာအတွက်သာ အဓိက ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဗီယက်နမ်အသင်းနှင့် ယခုနောက်ပိုင်း တွေ့ဆုံခဲ့ သည့် ပြိုင်ပွဲများတွင် နိုင်ပွဲမရရှိသေးဘဲ ၂ဝ၁၃ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂ဝ၁၃ ဆီးဂိမ်းပြိုင်ပွဲ တို့တွင် ရှုံးနိမ့်ထားသည်။
မေ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု(က)အဖွင့်ပွဲတွင် သြစတြေးလျ ယူ-၂ဝ အသင်းက ထိုင်းလက်ရွေးစင် အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရ ရှိခဲ့သည်။

No comments:

Post a Comment