Saturday, May 2, 2015

တိုက်စစ်မှူးစတားရစ် တင်ပါးဒဏ်ရာခွဲစိတ်ကုသရမည်





လီဗာပူးတိုက်စစ်မှူး ဒန်နီယယ်စတားရစ်သည် လက်ရှိကြုံတွေ့နေသည့် တင်ပါးဒဏ်ရာအား ခွဲစိတ်ကုသရမည်ဖြစ်ကြောင်း သိရသည်။
တိုက်စစ်မှူး စတားရစ်သည် မတ် ၂၂ ရက်က မန်ယူအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်တွင် တင်ပါးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါဒဏ်ရာရရှိပြီးနောက် နှစ်ကြိမ်သာလျှင် ပွဲထွက်ကစားနိုင်ခဲ့သည်။
အသက်(၂၅)နှစ်အရွယ်ရှိ အင်္ဂလန်ကြယ်ပွင့် ဒန်ရီယယ်စတားရစ်သည် ¤င်းရရှိ ထားသည့် ဒဏ်ရာအား ခွဲစိတ်ကုသမှုများပြုလုပ်ရန်အတွက် ဘော်စတွန်မြို့တွင် နေထိုင်သည့် ဒေါက်တာပီတာအက်စနစ်ထံသို့ သွားရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။ တိုက်စစ်မှူး စတားရစ်သည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် ပြောင်းရွှေ့ ကြေးပေါင် ၁၂ သန်းဖြင့် လီဗာပူးအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂ဝ၁၃-၂ဝ၁၄ ဘောလုံးရာသီတွင် လီဗာပူးအသင်းနှင့်အတူ ပြိုင်ပွဲအရပ်ရပ်၌ သွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ ပရီမီယာလိဂ်တွင်လည်း လီဗာပူးအသင်း အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။သို့ရာတွင် တိုက်စစ်မှူး စတားရစ်သည် အောက်တိုဘာလအတွင်းက လေ့ကျင့်ရေးကွင်းတွင် ခြေသလုံးဒဏ်ရာမရရှိမီ စက်တင်ဘာလအတွင်းက အင်္ဂလန်အသင်းနှင့်အတူ ပါဝင်ကစားခဲ့ရာ ပေါင်ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နိုဝင်ဘာလတွင်လည်း နောက်ထပ်တစ်ကြိမ် ပေါင်ဒဏ်ရာပြဿနာကြုံခဲ့ခြင်း ကြောင့် လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်းအား နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ဇန်နဝါရီ ၃၁ ရက်အထိ လီဗာပူးအသင်းတွင် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ လီဗာပူးအသင်းသည် လက်ရှိတွင် ကစားရန်ငါးပွဲ ကျန်ရှိနေသည့်အချိန်တွင် ပရီမီယာလိဂ်အမှတ်ပေးဇယား၌ အဆင့်(၄)နေရာမှ မန်ယူအသင်းနှင့် ခုနစ် မှတ်ကွာဟနေပြီး အမှတ်ပေးဇယားအဆင့်(၅)နေရာတွင် ရပ်တည်လျက်ရှိသည်။
[နိုင်လင်းကြည်]

No comments:

Post a Comment