Saturday, May 2, 2015

နီပေါငလျင်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ မြန်မာနိုင်ငံမှ လေယာဉ်ဖြင့်ပို့ဆောင်


The Mirror Daily's photo.


နေပြည်တော် မေ ၁

မြန်မာနှင့်နီပေါ နှစ်နိုင်ငံအကြား တည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အလေး ထားလျက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရသည် ဧပြီ ၂၅ ရက် က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် မြေငလျင်ဒဏ်ကြောင့် ဘေးဒုက္ခခံစားနေရသည့် နီပေါ ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရန် ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မေ ၁ ရက်တွင် ရန်ကုန်မြို့မှ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့သို့ ဝိုင်-၈ တပ်မတော်ကုန်တင်လေယာဉ် ဖြင့် ရေသန့်၊ ခေါက်ဆွဲခြောက်၊ အချို ရည်၊ ဘီစကစ်မုန့်မျိုးစုံနှင့်ကြာဆံ ခြောက် စသည့် စားသောက်ကုန် ငါးတန်၊ အဝတ်အထည်များ တစ်တန် စုစုပေါင်း ခြောက်တန်နှင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က လှူဒါန်းသည့် ဘုန်းကြီးသင်္ကန်းအစုံ ၁ဝဝ တို့ကို ပို့ဆောင်ခဲ့သည်။ နိုင်ငံတကာလူသား ချင်းစာနာထောက်ထားမှုအကူအညီပေးအပ်မည့် လေယာဉ်များကို နီပေါ နိုင်ငံမှ လက်ခံနိုင်မည့် အခြေအနေ ပေါ်မူတည်၍ ဆန်နှင့် ပဲအမျိုးမျိုး ငါးတန်၊ အဝတ်အထည်များ တစ်တန် စုစုပေါင်း ခြောက်တန်တို့ကို ဒုတိယ အသုတ်အနေဖြင့် မေ ၂ ရက်တွင် ဝိုင်-၈ တပ်မတော်ကုန်တင်လေယာဉ် ဖြင့် နေပြည်တော်မှ ခတ္တမန္ဒူမြို့သို့ သွားရောက် ပို့ဆောင်မည်ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပို့ဆောင်သည့် တပ်မတော်ကုန်တင်လေယာဉ်နှင့် အတူ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် တို့မှ ကိုယ်စားလှယ်များ လိုက်ပါသွား ကြပြီး မြန်မာနိုင်ငံမှလှူဒါန်းသော လူသား ချင်းစာနာထောက်ထားမှုအကူအညီ များကို နီပေါနိုင်ငံ အမျိုးသားပြန်လည် တည်ဆောက်ရေးဌာန ညွှန်ကြားရေး မှူးချုပ်ထံသို့ ပေးအပ်ခဲ့သည်။

မေ ၁ ရက်တွင်သွားရောက်သည့် တပ်မတော် ဝိုင်-၈ ကုန်တင်လေယာဉ် အပြန်ခရီးစဉ်တွင် မြန်မာသံရုံး၊ ခတ္တ မန္ဒူမြို့မှ မိသားစုဝင်ခြောက်ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment