Saturday, May 30, 2015

အမေရိကန်စီးပွားရေး ပထမလေးလပတ်တွင် အကျဘက်သို့ဦးတည်



Myanmaalinn's photo.

ဝါရှင်တန် မေ ၂၉

ပုံမှန်မဟုတ်သည့် ဆီးနှင်းများဆိုးရွားစွာ ကျဆင်းမှုနှင့် ပြန်လည်ရှင်သန်လာသော ဒေါ်လာဈေးကွက်ကြောင့် ပထမလေးလပတ်တွင် အမေရိကန်စီးပွားရေးသည် ကျပ်တည်းလာခဲ့သော်လည်း အထိုက်အလျောက် ပြန်လည်ဦးမော့လာခဲ့သည်။
ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် လွန်ခဲ့သောလနှင့်နှိုင်းယှဉ်လျှင် ဝ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရမည့်အစား ဝ ဒသမ ၈ ရာခိုင်နှုန်းသို့ လျော့နည်းသွားခဲ့ကြောင်း ရိုက်တာစီးပွားရေးစစ်တမ်း ကောက်သူများက ပြောခဲ့သည်။ ယခင်နှင့်နှိုင်းယှဉ်လျှင် စီးပွားရေးလုပ်ငန်းများ၏ ကုန်သွယ်မှုလိုငွေများနေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုနည်းနေခြင်းများသည် စီးပွားရေး အကျဘက်သို့ ဦးတည်နေခြင်းဖြစ်သည်။
ဒုတိယလေးလပတ်တွင် စီးပွားရေးတိုးတက်မှုသည် ၂ ရာခိုင်နှုန်းထိရှိလာမည်ဟု ခန့်မှန်းထားသည်။ ၂ဝ၁၁ ခုနှစ်ကတည်းက စီးပွားရေး တိုးတက်မှုသည် ပထမ လေးလပတ်တွင် အကျဘက်သို့ ဦးတည်ခဲ့သည်။
သို့သော်လည်း စီးပွားရေးပညာရှင်များက ထုတ်ကုန် များအကျဘက်သို့ဦးတည်နိုင်သည့် အပိုဆောင်း ကောက် ချက်ချခြင်းကို သတိပေးခဲ့သည်။ ပထမလေးလပတ်၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)သည် လတ်တလော အကြောင်းအချက်များကြောင့် ကျဆင်းခြင်းဖြစ်ကြောင်း ငြင်းခုံဆွေးနွေးကြသည်။


(ရိုက်တာ)

No comments:

Post a Comment