Saturday, May 30, 2015

မီးတောင်ပေါက်ကွဲပြီးနောက် ကျွန်းပေါ်နေသူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေး



Myanmaalinn's photo.

တိုကျို မေ ၂၉

သောကြာနေ့က ဂျပန်နိုင်ငံ တောင်ပိုင်းဝေးလံဒေသရှိ ကူချီနို အဲရာဘူဂျီမာ ကျွန်းတွင် မီးတောင် တစ်ခုရုတ်တရက်ပေါက်ကွဲကာ မီး ခိုးလုံးများ ထိုးတက်လာခဲ့မှုကြောင့် အာဏာပိုင်များက ဘေးကင်းရာသို့ ရွှေ့ပြောင်းရေး လုပ်ငန်းများကို ချက် ချင်းလုပ်ဆောင်ကြရပြီး လေကြောင်း လိုင်းများ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ရကြောင်း သိရသည်။
ရှင်ဒတ်ကူတောင်စောင်း ဓာတ် ငွေ့နှင့်ချော်ရည်များ ထွက်လာကာ သမုဒ္ဒရာအတွင်းသို့ စီးဆင်းသွားခဲ့ ကြောင်း၊ သေပျောက်မှု တစ်စုံတစ်ရာ မရှိ ကြောင်း သက်ဆိုင်ရာက ပြောခဲ့ သည်။
ကြီးမားသော မီးခိုးလုံးများ ရုတ်တရက်တက်လာကြောင်း၊ ဒေသ ခံများဘေးကင်းရာသို့ ရွှေ့ပြောင်း ရန် စုဝေးနေကြကြောင်း ဒေသခံ အရာရှိနိုဘူအာကီဟာရာရှိက NHK ရုပ်သံသို့ ပြောသည်။
ဒေသခံ ၁၃၇ ဦးရှိသည့်အနက် အခြား ထိခိုက်ဒဏ်ရာရမှုမရှိဘဲ အသက် ၇၂ နှစ် အရွယ်ရှိ အမျိုး သားတစ်ဦးသာ ချော်ရည်များ မျက်နှာတွင် လောင်ကျွမ်းခံခဲ့ရ သည်။
မီးခိုးပြာများ အဆက်မပြတ် ထွက်နေမှုကြောင့် ဒေသခံများမှာ ကယ်ဆယ်ရေး အဆောက်အအုံ အမိုးများပေါ်တွင် စုဝေးနေကြရ သည်။ တောင်အနိမ့်ပိုင်းသို့ ပြာများ ဖုံးအုပ်ခဲ့ကာ တောင်အောက်ခြေ တွင် မီးခိုးအဖြစ်ပြောင်းလဲသွားကြောင်း တွေ့ရသည်။
မီးခိုးလုံးများမှာ ကောင်းကင်သို့ မီတာ ၉ဝဝဝ အထိ တလိပ်လိပ်တက် လျက်ရှိနေပြီး အားပြင်းပေါက်ကွဲမှု ကြီးဖြစ်သောကြောင့် စိုးရိမ်ရဖွယ် ရှိနေသေးကြောင်း သက်ဆိုင်ရာမှ သတိပေးထားသည်။
ဂျပန်နိပွန် လေကြောင်းလိုင်း အားလုံးမှ အိုကီနာဝါနှင့်အရှေ့ တောင်အာရှသို့ ပျံသန်းသော လေယာဉ်များ လမ်းကြောင်းပြောင်းသွားနိုင်ဖွယ်ရှိသည်ဟု သတိပေးထား သော်လည်း မည်သည့်လေကြောင်း လိုင်းအစီအစဉ်မျှ ရပ်နားခဲ့ခြင်း မရှိပေ။
ဒေသခံများကို ကယ်ဆယ်ရန် အတွက် အနီးဆုံးကျွန်း ယာကူ ရှီးမားမှ ကူးတို့ရေယာဉ်တစ်စီး ညနေ ၃ နာရီခန့်က ရောက်ရှိခဲ့ ကြောင်း ယာကူရှီးမားမှ အစိုးရ တာဝန်ရှိသူ တာဆူယာတယ်ရာဒါက ပြောသည်။


(ရိုက်တာ)

No comments:

Post a Comment