မက္ကဆီကို မေ ၂၉
မက္ကဆီကိုသမ္မတ အန်းရစ်ပီနာနီတိုးသည် ၄င်း၏ လက်ဝယ်ပိုင်ဆိုင်မှု
များနှင့်ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များသို့ မမှန်မကန်တင်ပြ ခဲ့ကြောင်း
အစိုးရစာရင်းဇယားများက ဖော်ပြခဲ့သည်။ စာရင်းဇယား ကွဲလွဲမှုများက
၎င်း၏ငွေကြေးပိုင်ဆိုင်မှု အခြေအနေများအပေါ် အငြင်း ပွားဖွယ်ဖြစ်လာစေခဲ့သည်ဟု
သိရသည်။
၂ဝ၁၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ငွေကြေးပိုင်ဆိုင်မှုကြေညာ စာတမ်းအရ သမ္မတပီနာနီတိုးက ဖခင်ထံမှပိုင်ဆိုင်မှုများကို အမွေ ဆက်ခံရရှိခဲ့သည်ဟု ဆိုသည်။ ၄င်းသည်ဗယ်လီဒီဘရာဘိုမြို့၌ စတုရန်း မီတာ ၁ဝဝဝ ရှိ မြေကွက်တစ်ကွက် ကို ၁၉၈၈ ခုနှစ်က အခြားသူတစ်ဦး ထံမှ ဝယ်ယူခဲ့သည်။ အဆိုပါမြေကွက်အတွက် အမေရိကန်ဒေါ်လာ ၅ဝဝဝ တန်ဖိုးရှိ ပီဆိုငွေ ၁၁ ဒသမ ၂ သန်းကို ပေးချေခဲ့သည်ဟု မှတ်တမ်းများ၌ဖော်ပြသည်။ ထိုအချိန်က ၄င်း၏ ငွေကြေးပိုင်ဆိုင်မှု အခြေအနေမှာ ပီဆို ၁၁၂ဝဝ (၅ ဒေါ်လာ)ရှိကြောင်း ပိုင်ဆိုင်မှုကြေညာချက် ၌ ဖော်ပြထားသည်။ စာရွက်စာတမ်းများအရ ၄င်းဝယ်ယူထားသော ပိုင်ဆိုင်မှုများ၌ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု သိရသည်။ သမ္မတ အန်းရစ်ပီနာနီတိုးကမူ မှားယွင်းလုပ်ဆောင်မှုမရှိကြောင်း ငြင်းဆန် လျက်ရှိသည်။

(ရိုက်တာ)
No comments:
Post a Comment