ဗန်ကောက် မေ ၂၉
ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အိန္ဒိယသမုဒ္ဒရာ အတွင်း တရားမဝင် ရွှေ့ပြောင်းသွား လာသူများဆိုင်ရာဒေသတွင်း အထူး အစည်းအဝေးဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ANANTARA ဟိုတယ်၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွား ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး ချုပ် ဦးထင်လင်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက် ကြသည်။
အဆိုပါဒေသတွင်း ဆွေးနွေးပွဲ သို့ ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာနာဆတ် ပါတီမာပရာဂွန်နှင့် တာဝန်ရှိသူများ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံအပါအဝင် စုစုပေါင်း ၁၇ နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများ၊ လေ့လာသူများ အဖြစ် အမေရိကန်၊ ဆွစ်ဇာလန်နှင့် ဂျပန်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီး များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းအများ၊ အစိုးရမဟုတ် သော နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ရှာဖွေကယ်ဆယ် ရေးသည် အရေးကြီးကြောင်း၊ လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှု ကိုတိုက်ဖျက်ရန် လိုအပ်ကြောင်း၊ ပင်လယ်တွင်း ပုံမှန်မဟုတ် သော ရွှေ့ပြောင်းသွားလာမှုများ၏အကြောင်းရင်းကို ရှာဖွေရန် လိုကြောင်း စသည်ဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတကာရွှေ့ပြောင်း သူများဆိုင်ရာ အဖွဲ့အစည်း(IOM)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့မှ ကိုယ်စားလှယ်များ၊ ထိုင်း၊ ဘင်္ဂလား ဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ တို့မှ တာဝန်ရှိသူများက အိန္ဒိယ သမုဒ္ဒရာအတွင်း တရားမဝင် ရွှေ့ပြောင်းသွားလာသူများ ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြ သည်။
ထို့နောက် မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ခေတ္တညွှန်ကြားရေး မှူးချုပ် ဦးထင်လင်းက မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြား ရာတွင် ပင်လယ်ပြင်တွင်း လှေစီး ဒုက္ခသည်များ မျောပါနေသည့် သတင်းများ ပေါ်ထွက်လာပြီးနောက် လှေစီးဒုက္ခသည်များအရေးကို နိုင်ငံ တကာနှင့်ထပ်တူ မြန်မာနိုင်ငံ အနေဖြင့် စိုးရိမ်မှုရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသ တွင်း၊ နိုင်ငံတကာအသိုက်အဝန်း များနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း စသည်ဖြင့် အရေး ကြီးသည့်အချက်များ ပါဝင်သော သတင်းထုတ်ပြန်ချက်ကို ယခုလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း၊ မေ၂ဝ ရက်တွင် ထုတ်ပြန် ခဲ့သည့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၏ ပူးတွဲထုတ်ပြန်ချက် ကိုလည်း မြန်မာနိုင်ငံက ကြိုဆို ကြောင်း၊ မေ၂၁ ရက်တွင် မလေးရှား နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး များသည် မြန်မာနိုင်ငံနိုင်ငံခြားရေး ဝန်ကြီးထံ လာရောက်တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလား အလာများကို ဆွေးနွေးခဲ့ကြောင်း၊ မေ ၂၂ ရက်တွင် ဒုတိယသမ္မတ ဦးÓဏ်ထွန်းဦးဆောင်သည့် ပင်လယ် ပြင်အတွင်း တရားမဝင်ရွှေ့ပြောင်း သွားလာသူများဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်း၍ တရားမဝင် ရွှေ့ပြောင်းသွားလာမှု၊ လူမှောင်ခိုကူးမှုနှင့် လူကုန်ကူးမှုများ တားဆီးရေးအတွက် ထိရောက်စွာ ဆောင်ရွက်သွားရန်နှင့် ပင်လယ်ပြင် အတွင်း ဒုက္ခသည်များအား ရှာဖွေ ကယ်ဆယ်သွားရန် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့လည်း တက်ရောက် မည်ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့် ရှိကြောင်းစသည်ဖြင့် ပြောကြားခဲ့ သည်။
ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက် သော နိုင်ငံများမှ အဖွဲ့ခေါင်းဆောင် များ၊ အဆင့်မြင့်အရာရှိကြီးများ၊ လေ့လာသူအဖြစ် တက်ရောက်လာ ကြသည့် အမေရိကန်၊ ဆွစ်ဇာလန် နှင့် ဂျပန်နိုင်ငံတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းအများ၊ အစိုးရအဖွဲ့မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များက လှေစီးဒုက္ခ သည်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
အစည်းအဝေးတွင် မှတ်တမ်း အကျဉ်းချုပ်ကို သဘောတူညီခဲ့ပြီး လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ ဆိုက်ရောက်ရာ နိုင်ငံများတွင် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ် နိုင်ရေး၊ သတင်းအချက်အလက်များ ဖလှယ်ရေး၊ အရေးပေါ်တုံ့ပြန်နိုင်ရေး အတွက် အရင်းအမြစ်များ စုစည်း ရေး၊ လူကုန်ကူးမှုဆိုင်ရာ တည်ဆဲ အစီအမံများအတွင်းမှ ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရေး စသည့် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment