Friday, May 1, 2015

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး


 
နေပြည်တော် ဧပြီ ၃ဝ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်အောက်လွှတ်တော် ကိုယ်စား လှယ်နှင့် ၂ဝ၂ဝခုနှစ် တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲနှင့် မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ အောက်လွှတ်တော်ကိုယ်စားလှယ်များ ကော်မတီ အတွင်းရေးမှူးချုပ် မစ္စတာ တိုရှီ အာကိအဲန်ဒို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးတင့်ဆန်း၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ့အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ပညာရေးနှင့် အားကစားကဏ္ဍပေါင်းစပ်လေ့ကျင့် သင်ကြားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment