Friday, May 1, 2015

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ


 
ရန်ကုန် ဧပြီ ၃ဝ
ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် အမေရိကန်နိုင်ငံ အောက် လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. John Boehner ၏ဖိတ်ကြားချက်အရ ဧပြီ ၂၉ ရက် ညပိုင်းတွင် လေကြောင်း ခရီးဖြင့် အမေရိကန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသွား သည်။
ပြည်ထောင်စုလွှတ်တော် နာယက နှင့်အဖွဲ့အား ပြည်ထောင်စု လွှတ်တော်ဒုတိယနာယက ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးလှမြင့်ဦး၊ ဦးဝင်းသန်း၊ ဒေါက်တာ ဝင်းမြင့်၊ ဦးသိန်းထွန်းနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
(သတင်းစဉ်)

No comments:

Post a Comment