Friday, May 1, 2015

အမေရိကန်အတွက် ဂျာမန်ကပြင်သစ်ကို သူလျှိုလုပ်ခဲ့သည်ဟုဆို


 
ဘာလင် ဧပြီ ၃ဝ
အမေရိကန်ထောက်လှမ်းရေးအဖွဲ့အတွက် ဂျာမန် အမျိုးသားထောက်လှမ်းရေးအဖွဲ့(ဘီအန်ဒီ)သည် ပြင်သစ် ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဥရောပသမဂ္ဂဌာန ချုပ်တို့ကို သူလျှိုလုပ်ခဲ့ကြောင်း ဂျာမန်မီဒီယာများက ယနေ့ဖော်ပြသည်။
ဘီအန်ဒီလျှို့ဝှက် အစီရင်ခံစာ ပေါက်ကြားရာတွင် ဘက်အိုင်ဘလင်းရှိ ၄င်း၏ ထောက်လှမ်းရေးရုံးခွဲက ပြင်သစ်သမ္မတ နန်းတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ နှင့် ဥရောပကော်မရှင်တို့ကို ထောက်လှမ်းမှုပြုခဲ့ကြောင်း ပါရှိသည်။
အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (အန် အက်စ်အေ)သည်လည်း ဥရောပကုမ္ပဏီအချို့ကို သူလျှို လုပ်ခဲ့သည်ဟု စွပ်စွဲသည်။
ဂျာမန် ပြည်ထဲရေးဝန်ကြီး သောမတ်(စ်) မိုင်ဇိုင်းရီးက အဆိုပါဖော်ထုတ်မှုများကို မဟုတ်ကြောင်း ငြင်းဆိုသည်။
ဝါရှင်တန်၏ ညွှန်ကြားချက်အရ ဥရောပကုမ္ပဏီများ သည် စီးပွားရေးအရေးယူပိတ်ဆို့ထားခြင်းများကို ချိုး ဖောက်ခြင်း ရှိ၊မရှိသိရန် ယင်းကုမ္ပဏီများ၏ သတင်းများကို ဘီအန်ဒီက စုဆောင်းခဲ့သည်ဟု သတင်းများက ဆိုသည်။
သတင်းများဖော်ပြချက်အရ ဘီအန်ဒီသည် ဂျာမန်နှင့် အမေရိကန်တာဝန်ရှိသူများကို ပစ်မှတ်ထားကာ ထောက် လှမ်းမှုမပြုလုပ်ကြပေ။
သို့သော် ၂ဝဝ၈ ခုနှစ် စောစောပိုင်းတွင် ဥရောပ စစ်လက်နက်လုပ်ငန်းများအပေါ် အန်အက်စ်အေက သူလျှိုလုပ်ခဲ့ကြောင်းကို ဂျာမန်အစိုးရက သိရှိခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ဘီအန်ဒီ၏ တာဝန်ထမ်းဆောင်မှုများတွင် ချို့ယွင်း ချက်များရှိကြောင်း အစိုးရက တွေ့ရှိခဲ့သည်ဟု ဂျာမန် ရုပ်သံသတင်းတွင် ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးက ဂျာမန်ထောက်လှမ်းရေး၏ တာဝန်မဲ့မှုများကို အနည်းငယ်မျှပင် မသိရှိကြောင်း ငြင်းဆိုခဲ့သည်။
သို့သော် ဘီအန်ဒီအနေဖြင့် လွှတ်တော်ရေးရာ ကော်မတီသို့ အမြန်ဆုံး အစီရင်ခံစာတင်သွင်းရန် တောင်း ဆိုခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment