Saturday, May 2, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်အမတ် မစ္စတာ မက်ကော်နယ်နှင့်တွေ့ဆုံ





ဝါရှင်တန်ဒီစီ မေ ၁

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စုအထက်လွှတ်တော်အမတ် မစ္စတာ မက်ကော်နယ်နှင့် ဧပြီ ၃ဝ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဝါရှင်တန်ဒီစီမြို့ရှိ လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦလှမြင့်ဦး၊ ဒေါက်တာ ဝင်းမြင့်၊ ဦးဝင်းသန်း၊ ဦးသိန်းထွန်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment