အမေရိကန်ပေါ့ပ်အဆိုကျော် ခရစ်ဘရောင်းက မေ ၂၈ ရက်တွင် သူ၏အင်စတာဂရမ်စာမျက်နှာပေါ်၌ စိတ်ခံစားမှုများကို ဖွင့်ဟထားသော စာတစ်စောင်ရေးသားခဲ့ပြီး ထိုစာတွင် သူ၏ အချစ်ရေး၊ ဒေါသ၊ မနာလိုမှုများနှင့် အနုပညာလုပ်ငန်းများအပေါ် ခံစားခဲ့ရမှုများကိုပါ ပွင့်အန်ချပြခဲ့သည်။
သူ၏စာတွင် ကမ္ဘာလောကကြီးသည် အဆိုးမြင် ဝါဒီများလွှမ်းမိုးနေပြီး
ထိုကမ္ဘာကြီးထဲတွင် သူကိုယ်တိုင် တစ်ဦးအပါအဝင်အဖြစ် လှုပ်ရှားရှင်သန်နေရကာ
ပြုလုပ်ခဲ့သောရွေးချယ်မှုများ၊ အမှားများအတွက် အဆိုး မြင်ခံနေရမှုအပေါ်
လက်ခံနိုင်ရန်ကြိုးစားနေရကြောင်း ဖြင့် ရေးသားထားသည်။
ဘရောင်းက ''ကျွန်တော့်ကိုယ် ကျွန်တော်အချစ်ရဲ့အဓိပ္ပာယ်ကို နားလည်ပြီလို့ထင်ခဲ့တာ၊ ကျော်ကြားမှုနဲ့ငွေကြေးရနိုင်မယ့်နည်းလမ်းတွေ ရောသိပြီလို့။ ဒါပေမယ့် တွေ့ကြုံခဲ့ရတဲ့ ပြဿနာအများစုက အဲဒီအချစ်ဆိုတဲ့အရာ၊ နောက်ခံစားမှု၊ ဒါတွေနဲ့ပဲ ပတ်သက်နေတယ်။ နောက်ပြီး မနာလိုမှုတွေ၊ ဒေါသတွေနဲ့ အမြဲ ရင်ဆိုင်နေရတယ်''ဟု သူ၏ စိတ်ခံစားမှုနှင့် သက်ဆိုင်သော ပြဿနာများကို ရင်ဖွင့်ထားသည်။
''ကျွန်တော်မှန်ကြည့်လိုက်တဲ့အချိန် အဲဒီ မှန်ထဲမှာတွေ့နေရတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အလွန်မုန်းတီးမိတဲ့အချိန်တွေရှိတယ်။ ဘုရား သခင် ကျွန်တော့်ကို ပေးသနားခဲ့တဲ့အရာတွေက အများကြီးပါ။ သူ့ရဲ့လက်ဆောင်တွေကို ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံစားမှုအတွက် ဖြုန်းတီးခဲ့မိတယ်လို့ ခံစားရတယ်''ဟုလည်း ဘရောင်းက ရေးသားထားသည်။
ဆက်လက်၍သူက ဘဝကို အရှုံးပေးထားကာ ဘုရား သခင်၏ ကောင်းချီးပေးမှုများကိုလည်း စွန့်လွှတ်ထားခဲ့ပြီ ဖြစ်ကြောင်း ဆိုခဲ့သေးသည်။
ဂရမ်ဆုများရှင် ခရစ်ဘရောင်းသည် ယခုနှစ်များ တွင် ဂီတနှင့်ပတ်သက်သည့် ပြဿနာထက် လူမှုရေး အထူး သဖြင့် မေတ္တာရေးနှင့်ပတ်သက်သည့် ပြဿနာများဖြင့် ရှုပ်ထွေးနေခဲ့သည်။ သူသည် ပေါ့ပ်ဂီတလောက၏ ဘုရင်မဟုပင်ဆိုရလောက်အောင် ကျော်ကြားသော အဆိုတော် ရီဟားနားနှင့် ချစ်ကြိုက်ခဲ့ဖူးကာ ပြီးခဲ့သည့် အင်္ဂါနေ့က သူ၏ချစ်သူဟောင်းတစ်ဦးဖြစ်သော မော်ဒယ် နှင့် သရုပ်ဆောင်မင်းသမီး ကာရူအီချီထရန်နှင့် ဓာတ်ပုံ တွဲရိုက်ခဲ့သည့် မော်ဒယ်တေးစန် ဘက်ခ်ဖော့ဒ်ကို ဝေဖန်ခဲ့ သည့်အတွက် တောင်းပန်ခဲ့ရသေးသည်။ သူ၏ချစ်သူ ဟောင်း ထရန်ကလည်း ဘရောင်းနှင့်သူ၏ဇာတ်လမ်းအဆုံး သတ်ပြီဖြစ်ကာ အတူလက်တွဲခဲ့သည့် ကာလအတွင်း အခြားအမျိုးသမီးတစ်ဦးနှင့် သားသမီးရခဲ့သည့်အတွက် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ က ရေဒီယိုအင်တာဗျူး တစ်ခုတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ဆုမြတ်နှင့်အေးပြည့်

No comments:
Post a Comment