မေ၂၈ ရက် နံနက်ပိုင်းက ပိုလန်နိုင်ငံ ဝါဆောမြို့မှာကျင်းပခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ပွဲစဉ်မှာ လက်ရှိချန်ပီယံဆီဗီလာ အသင်းကပဲ ယူကရိန်းကလပ် ဒီနီပရိုကို သုံးဂိုး-နှစ်ဂိုးနဲ့အနိုင်ယူကာ လက်ရှိ ချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်နိုင်ခဲ့ပါတယ်။ ဆီဗီလာဟာ ပွဲအစကတည်းက အချိတ်အဆက်မိမိနဲ့ ဒီနီပရိုဘက်ကို ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုးစတင်ရရှိခဲ့တဲ့ အသင်းက ဒီနီပရိုဖြစ်ခဲ့ပြီး နီကိုလာကာလီနစ်က ပွဲအစ ၇ မိနစ်မှာပဲ ဒီနီပရိုအတွက် အဖွင့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဦးဆောင်ဂိုးသွင်းခံခဲ့ရပြီးတဲ့နောက် ဆီဗီလာဘက်မှ တရစပ်တိုက်စစ်ဖွင့်
ကစားလာခဲ့ရာ ပွဲချိန်၂၈မိနစ်မှာ ခရူ ခိုးဝီယက်၊ ၃၁မိနစ်မှာ
ကားလို့စ်ဘက်ကာတို့က သုံးမိနစ်အတွင်းချေပဂိုးနှင့် ဦးဆောင်ဂိုးများ
သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဦးဆောင်ဂိုးဟာ ကြာကြာမခံခဲ့ဘဲ
ပထမပိုင်းပြီးခါနီး ပွဲ ကစားချိန် ၄၄မိနစ်မှာ ဒီနီပရိုအသင်း ခေါင်းဆောင်
ရိုတန်က ချေပဂိုးသွင်းယူ ခဲ့ပြန်ပါတယ်။ ပွဲကစားချိန်၇၃မိနစ်အရောက် မှာတော့
ကားလို့စ်ဘက်ဘာက ဆီဗီလာအသင်းကို ချန်ပီယံဖြစ်စေမယ့်အနိုင်ဂိုး
ကိုသွင်းယူပေးခဲ့တာကြောင့် ဆီဗီလာဟာ ယူရိုပါလိဂ်သမိုင်းမှာ အအောင်မြင်ဆုံး
အသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီဗီလာဟာ ယူရိုပါလိဂ်
ဖလား(ယခင် ယူအီးအက်ဖ်အေဖလား)ကို ၂ဝဝ၆၊၂ဝဝ၇၊ ၂ဝ၁၄၊၂ဝ၁၅ ခုနှစ်တွေမှာ
ဆွတ်ခူးရရှိခဲ့တဲ့အတွက် ဗိုလ်လုပွဲ တက်ရောက်နိုင်တိုင်းလည်း
ဗိုလ်စွဲနိုင်ခဲ့တဲ့အသင်းအဖြစ် စံချိန်သစ်တစ်ခုကိုပါ
ထပ်မံရရှိသွားခဲ့ပါတယ်။
ဒါ့အပြင်ယခုကဲ့သို့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်ခဲ့တဲ့အတွက် ဆီဗီလာအနေနဲ့ ဆုကြေးငွေယူရိုငါးသန်းအပြင် ချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပါ အပိုဆောင်းဆုတစ်ခုအဖြစ် ထပ်မံရရှိခဲ့ပါတယ်။ ဒါကြောင့် နောက်နှစ်မှာ စပိန်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ရီးယဲလ်မက်ဒရစ်၊ အက်သလက်တီကို၊ဗလင်စီယာ တို့နဲ့အတူ ဆီဗီလာပါချန်ပီယံလိဂ်ဝင်ရောက်ကစားမှာဖြစ်တဲ့အတွက် ချန်ပီယံလိဂ်မှာစပိန် ကလပ်ငါးသင်းအထိ ပါဝင်လာမှာဖြစ်ပါတယ်။
ရွိုင်ယန်ဟေဒင် စုစည်းသည်

No comments:
Post a Comment