Friday, May 1, 2015

ဂျပန်-အမေရိကန် မဟာမိတ်မျှော်လင့်ချက် အာဘေး အလေးထားဖော်ဆောင်


Myanmaalinn's photo.


ဝါရှင်တန် ဧပြီ ၃ဝ


ဗုဒ္ဓဟူးနေ့နံနက်က အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် မိန့်ခွန်း ဟြေကြားခဲ့သော ဝန်ကြီးချုပ် အာဘေးသည် ခိုင်မာသောနှစ်နိုင်ငံ ဆက်ဆံရေးသတ်မှတ်ပြီး ကမ္ဘာကြီး တည်ငြိမ်အေးချမ်းမှုကို ပူးပေါင်း အကောင်အထည်ဖော်ဆောင် သွား မည်ဟု ဟြေခဲ့သည်။ ၄၅ မိနစ်ကြာ အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသည့် မိန့်ခွန်းတွင် အာဘေးက ဂျပန်-အမေ ရိကန် စစ်ပြီးခေတ်တွင် ပြန်လည် ပေါင်းစည်းပြီး ခိုင်မာသောပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်၊ အမေရိကန် နှင့် ခေတ်သစ်မျက်နှာစာဖွင့်လှစ်ရန် ၄င်း၏သဘောထားကို ထုတ်ဖော်ပြသ ခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှု အရေး ကြီးကြောင်းကို ''အမေရိကန်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု မျှော်လင့် ချက်'' ဟူ၍ အာဘေးက အလေး ပေးဟြေကြားခဲ့သည်။ ကမ္ဘာ့ငြိမ်း ချမ်းတည်ငြိမ်ရေးကို အမေရိကန် နှင့်အတူတကွ ပူးပေါင်းလုပ်ဆောင် သွားမည်ဟု ကြေညာခဲ့သည်။
အာဘေးသည် သမိုင်းမှတ် တမ်းတစ်လျှောက် အမေရိကန် လွှတ်တော်သို့ လာရောက်လည်ပတ် သည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်သည်။ ဂျပန်နှင့် အမေရိကန် သည် ဒုတိယကမ္ဘာစစ်ကတည်းက ချမှတ်ထားသော လွတ်လပ်မျှတ မှု၊ ဒီမိုကရေစီ၊ အခြေခံလူ့အခွင့် အရေး၊ စည်းမျဉ်းဥပဒေအပါအဝင် အခြေခံတန်ဖိုးများကို အတူတကွ ဖော်ဆောင်သွားမည်ဟု မိန့်ခွန်းတွင် ဖော်ပြခဲ့သည်။
ထို့အပြင် ဂျပန်နိုင်ငံနှင့် အမေ ရိကန်နိုင်ငံတို့သည် လွတ်လပ်သော ကမ္ဘာကြီး၏အဖွဲ့ဝင်များအဖြစ် စစ် အေးတိုက်ပွဲကို အောင်မြင်ခဲ့ကြသည် ဟုလည်း ဖော်ပြခဲ့သည်။ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့အကြား တစ် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ် အတည်းများအတွက် အပြည်ပြည် ဆိုင်ရာဘဏ္ဍာရေးစနစ်ကို အား ကောင်းစေရန်နှင့် အကြမ်းဖက် တိုက် ဖျက်ရေးအစရှိသည့် အပြည် ပြည်ဆိုင်ရာကိစ္စရပ်များကို ဖြေရှင်း ရာတွင် အတူတကွ ပူးပေါင်းဖြေရှင်း ရန် ပြောဆိုခဲ့သည်။
(ကျိုဒို)

No comments:

Post a Comment