Friday, May 1, 2015

ဒုတိယအကြိမ် မြန်မာ-သြစတြေးလျ အဆင့်မြင့်အရာရှိကြီးများ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


 
နေပြည်တော် ဧပြီ ၃ဝ
ဒုတိယအကြိမ် မြန်မာ-သြစတြေးလျ အဆင့်မြင့် အရာရှိကြီးများ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော် ရှိThe Lake Garden ဟိုတယ်၌ ကျင်းပရာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့် အမှာစကား ပြောကြားသည်။
အလားတူSouth East Asia Mainland and Regional Division, Department of Foreign Affairs and Trade မှFirst Assistant Secretary ဖြစ်သူ Mr. Craig Chittick ကလည်း အမှာစကား ပြောကြား ခဲ့သည်။
ထို့နောက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုဆိုင်ရာ ဦးစားပေးမဟာဗျူဟာများ နှင့် အစီအစဉ်များကိုလည်းကောင်း၊Mr. Craig Chittick က သြစတြေးလျနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ အကြောင်းအရာများနှင့်စပ်လျဉ်း၍ လည်းကောင်း၊Development Cooperation မှCounsellor ဖြစ်သူNick Cumpstonက မြန်မာနိုင်ငံတွင် ကူညီဆောင်ရွက် ပေးသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ Mr. Craig Chittick က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ သြစတြေးလျနိုင်ငံမှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ် များနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးဧရိယာ များတွင် ကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment