Sunday, May 31, 2015

နည်းပညာတက္ကသိုလ်နှင့်ကွန်ပျူတာတက္ကသိုလ်များ လုပ်ငန်းညှိနှိုင်းစည်းဝေး



Myanmaalinn's photo.


နေပြည်တော် မေ ၃ဝ


နည်းပညာတက္ကသိုလ်၊ ကွန်ပျူ တာတက္ကသိုလ်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန စုဝေးခန်းမ၌ မေ ၂၇ ရက် နံနက်က ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာကိုကိုဦးက နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်နှင့် သတင်းအချက်အလက်နည်းပညာ သင်တန်းကျောင်းတို့သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်း အားအရင်းအမြစ်များကို အဓိက ထားမွေးထုတ်ပေးနေပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် မရှိမဖြစ် လိုအပ်နေပါကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ရင်ပေါင်တန်း နိုင်ရန် ပညာရေးနယ်ပယ်ကဏ္ဍများတွင် မျက်ခြည်မပြတ်အစဉ် လေ့လာကြိုးစား အားထုတ်ကြရန် နှင့် သုတေသနလုပ်ငန်းများကို လည်း လုပ်ဆောင်ကြရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဘရွှေက စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က သင်ကြားရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ညှိနှိုင်းအစည်း အဝေးသို့ တက်‌ရောက်လာကြသော တက္ကသိုလ်များမှ ပါမောက္ခချုပ် များ၊ ပါမောက္ခချုပ်(တာဝန်)များနှင့် ကျောင်းအုပ်ကြီးများက သင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး
တင်ပြကြသည်။


(သတင်းစဉ်)

No comments:

Post a Comment