Friday, May 1, 2015

ဂိုးဝင်ပြီးသားဘောလုံးကို ဒေါသဖြင့်ကန်ခဲ့သော စီရိုနယ်လ်ဒို ဝေဖန်ခံရ



ရီးယဲလ်က အယ်မီရီယာအား သုံးဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော လာလီဂါပွဲစဉ်တွင်ပွဲချိန်၈၄မိနစ်၌ အယ်မာရီယာဘက်သို့ အဘီ လိုအာက တတိယမြောက်ပွဲသိမ်းဂိုးအား သွင်းယူခဲ့ရာစီရိုနယ်လ်ဒိုက လာရောက်အောင်ပွဲခံခဲ့ခြင်းမရှိသဖြင့် ဝေဖန်ခံခဲ့ရသည်။ အဆိုပါပွဲတွင် အဘီလိုအာနှင့် စီရိုနယ်လ်ဒိုတို့ ဂိုးရှေ့တွင်ရှိနေစဉ် တိုက်စစ်မှူး ဟာနန်ဒက်ဇ်ဖြတ်တင်ပေးလိုက်သောဘောလုံးကို အဘီလိုအာက ခြေတစ်လှမ်းစော၍ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ရာ စီရိုနယ်လ်ဒိုက ထိုဝင်သွားသောဘောလုံးကိုခြေဖြင့် ဒေါသတကြီးထပ်မံကန်သွင်းခဲ့ သလို အောင်ပွဲခံရာတွင်လည်း ဝင်ရောက်အောင်ပွဲခံခြင်းမရှိခဲ့ပေ။ ယင်းဂိုးသည် အဘီလိုအာအတွက်၂ဝ၁ဝနောက်ပိုင်းပထမဆုံးလိဂ် သွင်းဂိုး ဖြစ်ခဲ့သည်။
ရိုနယ်လ်ဒိုသည်လက်ရှိတွင်လာလီဂါပွဲပေါင်း ၃၁ပွဲဝင်ရောက် ကစားထားပြီးစုစုပေါင်းသွင်းဂိုး ၃၉ဂိုးအထိ သွင်းယူထားနိုင်ခဲ့သော် လည်း သုံးပွဲဆက်တိုက်ဂိုးပေါက်ပျောက်နေခဲ့ရာ ယခုပွဲ၌ သေချာပေါက်ဂိုးသွင်းနိုင်မည့်အနေအထားတွင် အဘီလိုအာ၏ခြေတစ်လှမ်း အသာကြောင့်ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့၍ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်နည်းပြ အန်စလော့တီကမူ စီရိုနယ်လ်ဒိုအနေဖြင့်ယခု အချိန်မှစ၍ ရာသီကုန်အထိ တစ်ဂိုးမျှထပ်မံမသွင်းနိုင်လျှင်လည်း ၎င်း၎အနေဖြင့်ကျေနပ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်ယခုနှစ်ဘောလုံးရာသီတွင် စီရိုနယ်လ်ဒို၏သွင်းဂိုးမှာ ၅ဝ ပြည့်ခဲ့ပြီဖြစ်ကြောင်း စီရိုနယ်လ်ဒို ဘက်မှ ကာကွယ်ပြောကြားခဲ့သည်။
(မေလဲ့သင်း)

No comments:

Post a Comment