Friday, May 1, 2015

အာဆင်နယ်မှာ ဥရောပ၏ ၂၀၁၅ အကောင်းဆုံးအသင်းဖြစ်ကြောင်း ၀ဲလ်ကော့ပြောကြား





ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်းသည် ဥရောပ၏ ၂ဝ၁၅ အကောင်းဆုံးအသင်းဖြစ်ကြောင်း အာဆင်နယ်တောင်ပံကစားသမား သီယိုဝဲလ်ကော့က ထုတ်ဖော်ပြောကြားလိုက်သည်။
အာဆင်နယ်အသင်းသည် ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်လျက်ရှိ သည့် ချယ်လ်ဆီးအသင်းနှင့် ဂိုးမရှိသရေပွဲ မဖြစ်မီ ပရီမီယာလိဂ်ရှစ်ပွဲဆက်တိုက်နိုင်ပွဲရရှိ ထားသည့်အသင်း ဖြစ်သည်။ သို့ရာတွင် ယခုနှစ်ဘောလုံးရာသီတွင် ပရီမီယာလိဂ် ဖလားရရှိရန် မဖြစ်နိုင်တော့သော်လည်း လာမည့်ဘောလုံးရာသီ တွင် ပရီမီယာလိဂ်ဖလားကို အရယူသွားမည်ဟု အာဆင်နယ်အသင်း က ပစ်မှတ်ထားလျက်ရှိသည်။
အသက်(၂၆)နှစ်အရွယ်ရှိ တောင်ပံကစားသမား သီယိုဝဲလ်ကော့သည် ပြီးခဲ့သည့်ဘောလုံး ရာသီက ဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းကြောင့် ပုံမှန် ပွဲထွက်ကစားနိုင်ခြင်းမရှိခဲ့သော်လည်း လက်ရှိတွင် အာဆင်နယ်အသင်းက စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုရန်လည်း ရှိနေသည်။
အင်္ဂလန်ကြယ်ပွင့်များဖြစ်ကြသည့် ဒန်နီဝဲလ်ဘက်၊ ဂျက်ဝီရှိုင်းယားနှင့် ကီရန်ဂစ်တို့မှာ ချယ်လ် ဆီးအသင်းနှင့် ကစားခဲ့သည့်ကစားသမားစာရင်းတွင် ပွဲထွက်ကစားသမား ၁၁ ဦးထဲတွင် ပါဝင်လာ ခဲ့ခြင်းမရှိခဲ့ပေ။ သို့ရာတွင် အာဆင်နယ်အသင်းသည် လက်ရှိတွင် ပရီမီယာလိဂ် အမှတ်ပေး ဇယားတွင် ရမှတ် ၆၇မှတ် ဖြင့် အမှတ်ပေးဇယား၏ တတိယနေရာတွင် ရပ်တည်လျက်ရှိသည့်အပြင် ဥရောပ ၏ ၂ဝ၁၅ အကောင်းဆုံးအသင်းတစ်သင်း အဖြစ်လည်း ရပ်တည်လျက်ရှိသည်ဟုသီယိုဝဲလ်ကော့က ပြောကြားခဲ့သည်။
(ငွေကြယ်)

No comments:

Post a Comment