Friday, May 1, 2015

ဂျူ့ဒ်လောရဲ့ဖအေတူသား ရာဖက်တီလော ကော်ဇောနီထက်ထင်ရှားနေပြီ





 ဟောလိဝုဒ်ကြယ်ပွင့် မင်းသား ဂျူ့ဒ်လောနှင့် ဗြိတိန်မင်းသမီး ဆက်ဒီ ဖရော့စ်တို့ မှမွေးဖွားသောရာဖက်တီလောသည် မိခင်ဖြစ်သူဆက်ဒီနှင့်အတူ ကော်တယ်ကူးပါး၏အယ်လ်ဘမ်သစ် 'City of Sin အကြိုမိတ်ဆက်ပွဲသို့တက်ရောက်လာ ရာ အဆိုပါပွဲ၌အထင်ရှားဆုံးဖြစ်နေခဲ့သည်။ ဖရော့စ် နှင့်ရာဖက်တီတို့သား အမိနှစ်ဦးသည် အခမ်းအနား ကျင်းပရာအဆောက်အအုံ အပြင်ဘက်တွင် အတူတကွဓာတ်ပုံရိုက်ခဲ့ရာ အသက် ၁၈ နှစ်ရှိနေသော ရာဖက်တီမှာ ဂျူ့ဒ် လောငယ်စဉ်ကနှင့် တစ်ထေရာတည်းတူ နေခဲ့သည်။
ဂျူ့ဒ်လောနှင့်ဖရော့စ်တို့တွင်သားသမီးလေးဦး ထွန်းကားခဲ့ပြီး ရာဖက်တီလောအပြင် အိုင်းရစ်လော၊ ရူဒီလော နှင့်ဆိုဖီယာလောတို့လည်းရှိသေးသည်။ ဂျူ့ဒ်လောနှင့်ဖရော့စ်တို့သည် ၁၉၉၇ခုနှစ်တွင်လက်ထပ်ခဲ့ကြပြီး ၂ဝဝ၃ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။ ဖရော့စ်သည် ဂျူ့ဒ်လောအနေဖြင့်သူတို့နှစ်ဦး၏ တတိယမြောက်ကလေး ရူဒီကို ၂ဝဝ၂ ခုနှစ်တွင်မွေးဖွားပြီးနောက်ဂျူ့ဒ်လောကသူ၏စိတ်ကိုဒဏ်ရာရအောင်လုပ်ခဲ့သည့်အတွက်စိတ်ကျရောဂါ ပြင်းပြင်း ထန်ထန်ခံစားခဲ့ရသည်ဟု ဆိုခဲ့သည်။
ရာဖက်တီသည် သူ၏ပွဲဦးထွက် ပရော်ဖက်ရှင်နယ်မော်ဒယ်လ်ဘဝကို ၂ဝ၁၄ ခုနှစ်လန်ဒန်၌ကျင်းပခဲ့သောDKNYဖက်ရှင်ရှိုးပွဲတွင် စတင်ခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment