Friday, May 1, 2015

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ


 
နေပြည်တော် ဧပြီ ၃ဝ
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့သည် ဧပြီ ၂၉ ရက် ည ၇ နာရီခွဲတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ မလေးရှား တပ်မတော်ကြည်းတပ်ဦးစီးချုပ် General Tan Sri Raja Mohamed Affandi bin Raja Mohamed Noor နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ရှေးဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်လာသော မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်နှင့် ဇနီးတို့အား ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုနှုတ်ခွန်း ဆက်စကားပြောကြားပြီး မလေးရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်က ကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မလေးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ်တို့သည် အဖွဲ့ဝင်များနှင့်အတူ ဂုဏ်ပြု ညစာကို ရင်းနှီးစွာ သုံးဆောင်ကြသည်။
ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြဝတီတေးဂီတအဖွဲ့က နှစ်နိုင်ငံ ယဉ်ကျေးမှုရိုးရာ တေးသီချင်းများ၊ အကများဖြင့် သီဆိုကပြဖျော်ဖြေကြ သည်။
(မြဝတီ)

No comments:

Post a Comment