တိုက်စစ်မှူးဘန်တီကီအနေဖြင့် ဥရောပထိပ်တန်းအသင်းကြီးများတွင်ကစားခွင့်ရရန် လီဗာပူး၏ ကမ်းလှမ်းမှုကို ပယ်ချကာ ဗီလာတွင်သာ နောက်တစ်ရာသီ ဆက်လက်ကစားသင့်သည်ဟု ဗီလာနည်းပြ တင်ရှားဝုဒ်က အကြံပြုပြောကြားခဲ့သည်။ ဘန်တီကီအား ခေါ်ယူရန် လီဗာပူးဘက်မှ အရှိန်မြှင့်ကြိုးပမ်းနေရာ တင်ရှားဝုဒ်က လီဗာပူးသို့ပြောင်းရွှေ့ကစားခဲ့ပါက ဘန်တီကီ၏ အနာဂတ်မှာ ရပ်တန့်သွားပြီး ရှေ့လျှောက် ထပ်မံတိုးတက်မှုရှိမည်မဟုတ်ဟု ဆိုခဲ့သည်။
ဗီလာဘက်မှ အဆိုပါ တိုက်စစ်မှူးအတွက် ပေါင် ၄၂ သန်း ပေးချေမှ ရောင်းချမည်ဟု
တုံ့ပြန် ထားခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် ရှစ်ပွဲတွင် ကိုးဂိုးအထိ
သွင်းယူနိုင်ခဲ့သော ဘန်တီကီအား ၂ဝ၁၆ ဥရောပဖလား ပြီးဆုံးမှသာ
နည်းပြတင်ရှားဝုဒ်က ဗီလာမှထွက်ခွာ စေလိုသည်။
''စာချုပ်ပါအချက်တွေအရ သူ့ကို တားထားလို့ မရဘူးဆိုတာ သိပါတယ်။ အခုလို ဥရောပဖလားပြိုင်ပွဲ နီးကပ်နေချိန်မှာ သူဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ ဗီလာမှာပဲ ဆက်ကစားသင့်ပါတယ်။ သူဒီမှာ ဆက်နေရင် နောက်ဘောလုံးရာသီမှာ တစ်ရာသီတည်း ဂိုး ၂ဝ နဲ့ ၃ဝ ကြား သွင်းယူနိုင်ပါလိမ့်မယ်။ ဒါဆို ဥရောပဖလားအတွက် ဦးစားပေးတိုက်စစ်မှူးအဖြစ် ကစားခွင့်ရဖို့ ပိုပြီးအလား အလာကောင်းသွားမှာဖြစ်သလို ကံကောင်းရင် ရီးယဲလ်လိုအသင်းကြီးအတွက်တောင် ကစားခွင့်ရလာ နိုင်ပါတယ်''ဟုတင်ရှားဝုဒ်က ပြောကြားခဲ့သည်။
ရွိုင်ယန်ဟေဒင် စုစည်းသည်

No comments:
Post a Comment