Friday, May 1, 2015

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ ကိုကိုးကျွန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကြည့်ရှုစစ်ဆေး




ရန်ကုန် ဧပြီ ၃ဝ 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ယနေ့နံနက် ၈ နာရီ တွင် ကိုကိုးကျွန်းမြို့နယ် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ကိုကိုးကျွန်းမြို့နယ် ကိုကိုးကျွန်းရေလှောင်တမံ ရေထုတ်ပြွန် တည်ဆောက်ခြင်းလုပ်ငန်း ရှင်းလင်းဆောင်၌ တိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေး မှူး ဦးမင်းဆွေက ရေလှောင်တမံ ပြန်လည်ပြုပြင် အဆင့်မြှင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာသနာ့မဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း သာသနာ ပါလဓမ္မရက္ခိတ ဓမ္မာရုံ၌ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တကောဝိဒအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ကိုကိုးကျွန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ရောက်ရှိကြပြီး ရဲတပ်ဖွဲ့ဝင် မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် ခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ရပ်မိရပ်ဖများအား တွေ့ဆုံ အမှာစကားပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာ များ၊ ဒေသခံပြည်သူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေးကာ စားသောက်ကုန် ပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များ၊ မီးဖိုချောင်သုံးပစ္စည်းများ ပေးအပ် သည်။

ဆက်လက်၍ မိုးပွင့်အထူးစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် များနှင့် အသက်ကယ်ဝတ်စုံ ၃၅ စုံတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တို့က ပေးအပ်ကြသည်။

ယင်းနောက် မြန်မာ့စီးပွားရေး ဘဏ် တည်ဆောက်မည့်မြေနေရာ၊ မြို့နယ်ပြည်သူ့ဆေးရုံတို့ကို လှည့် လည်ကြည့်ရှု၍ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment