Wednesday, April 1, 2015

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း လွှတ်တော်အတည်ပြု

The Mirror Daily's photo.The Mirror Daily's photo.











နေပြည်တော် မတ် ၃၁

ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး (၃၆) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ၂ဝ၁၅ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက်ရယူခဲ့သည်။

ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြု နိုင်ရန် အဆိုတင်သွင်းရာ လွှတ်တော် က အတည်ပြုခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အမြဲတမ်းအတွင်း ဝန်များခန့်နိုင်ရေးအား ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြခဲ့သည်။

(သတင်းစဉ်)


No comments:

Post a Comment