Wednesday, April 1, 2015

အိမ်မဲ-ပန်းတနော်-စက္ကော့ ရထားလမ်းပိုင်ဖောက်လုပ်



အိမ်မဲ မတ် ၃၁

ရန်ကုန်- ပုသိမ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိရာ လက်ရှိရထားလမ်းပိုင်းအရှည် ၃၅ ဒဿမ ၅ မိုင်ရှိသော အိမ်မဲ- ပန်းတနော်-စက္ကော့ရထားလမ်းပိုင်း အား အမြန်ဖွင့်လှစ်နိုင်ရေးအတွက် ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းမှအရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားလုပ်ငန်း မှ သိရသည်။

လက်ရှိ ရန်ကုန်-ပုသိမ်ရထား လမ်း ဖောက်လုပ်ရေးစီမံကိန်း၌ ဖွင့်လှစ်ရန် ကျန်ရှိနေသေးသော အိမ်မဲ- ပန်းတနော်-စက္ကော့ရထား လမ်းပိုင်း၌ ရေနက်ကွင်းဒေသဖြစ် သည့် အိမ်မဲဘူတာနှင့်ကျုံတိုင်းကြီး ဘူတာအကြားရှိ ရထားလမ်း တာပေါင်ကို တည်ဆောက်လျက် ရှိရာ ရထားလမ်းတာပေါင်တည် ဆောက်ရာ၌ ရထားလမ်းမြေသား တာပေါင်ခိုင်ခံ့မှု ရှိစေရန်အတွက် အောက်ခံမြေလွှာကို Geotextile ခင်းကျင်း ဆောင်ရွက်လျက်ရှိခြင်း၊ မြေသားမကောင်းသည့် မြေများကို ထုံးရော၍ မြေသားကောင်းမွန် အောင်ဆောင်ရွက်ခြင်းတို့ဖြင့် ရထား လမ်းတာပေါင်ကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ရန်ကုန်-ပုသိမ်ရထား လမ်းပိုင်းမှာ စုစုပေါင်းရထားသံလမ်း အရှည်မိုင် ၉၈ မိုင်ရှိကြောင်း သိရ ပြီး ခရီးစဉ်ဘူတာများမှာလည်း လှိုင် သာယာ- ရေစို- မဲဇလီ- ဆားမ လောက်- ညောင်တုန်း- ရှမ်းစု- စက္ကော့- ပန်းတနော်- မရမ်း- ကျုံတိုင်းကြီး- အိမ်မဲ-ဒေါင့်ကြီး- ဆင်ခေါင်း-(ပုသိမ်) ဘဲဂရက်တို့ ဖြစ်ကာ လုပ်ငန်းခွင်စီမံကိန်းမှအပ အခြား ရထားလမ်းပိုင်းမှာ လက်ရှိ ပြေးဆွဲပေးလျက် ရှိနေကြောင်းနှင့် အဆိုပါ အိမ်မဲ-ပန်းတနော်- စက္ကော့ ရထားလမ်းပိုင်း ဆောင်ရွက်ပြီးစီး ပါက ရန်ကုန်ဘူတာကြီးမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးသို့ သွား ရောက်ကြမည့် ရထားစီးခရီးသည် များအတွက် အဆင်ပြေလွယ်ကူ ချောမွေ့လာတော့မည်ဖြစ်သည်။
စိုးဝင်း(SP)

No comments:

Post a Comment