Wednesday, April 1, 2015

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အချောသပ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကျင်းပ

'တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)
အချောသပ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ 
သတင်းစာရှင်းလင်းပွဲကျင်းပ
=============================================

ရန်ကုန်    မတ်   ၃၁

UPWCဘက်မှ  ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး  ဦးအောင်မင်းနှင့်  ဦးသိန်းဇော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ NCCT ဘက်မှ  အဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွန်မော်၊ အဖွဲ့ဝင်ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့က တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အချောသပ် မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို  ယနေ့ ညနေ ၅ နာရီက ကျင်းပသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)အဖွဲ့ ဒုတိယဥက္ကဋ္ဌ  ဦးအောင်မင်းနှင့် တစ်နိုင်ငံလုံးဆိုင်ရာ  အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့(NCCT)အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာတို့က အဖွင့် အမှာစကား ပြောကြားကြသည်။ 

UPWC  အဖွဲ့ ဒုတိယဥက္ကဋ္ဌ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က အချက်(၅)ချက်ပါ နှစ်ဖက် ပူးတွဲထုတ်ပြန်ချက်ကို ကြေညာသည်။   NCCT အဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင်  ပဒိုစောကွယ်ထူးဝင်းက  နှစ်ဖက် အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ  ပဋိပက္ခလျှော့ချရေး ဆိုင်ရာ အချက်(၂)ချက်ပါ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားသည်။ ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြားသည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမား ၁၇ဝ မှ သတင်းရယူခဲ့ကြသည်ဟုMPC မှ ထုတ်ပြန်သည်။      

            (သတင်းစဉ်)'

(သတင်းစဉ်)

No comments:

Post a Comment