Wednesday, April 1, 2015

နယ်သာလန်နိုင်ငံဘုရင့်မိဖုရား ငွေကြေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သွားရောက်လေ့လာ

'နယ်သာလန်နိုင်ငံဘုရင့်မိဖုရား ငွေကြေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး 
အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ သွားရောက်လေ့လာ

ရန်ကုန်  မတ်  ၃၁

နယ်သာလန်နိုင်ငံ  ဘုရင့်မိဖုရား မက်ဆီမာသည် ယနေ့နံနက် ၈ နာရီ တွင်  ရန်ကုန်မြို့  ချက်ထရီယမ် ဟိုတယ်၌ ငွေကြေးဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းများနှင့်   တွေ့ဆုံပြီး      မြန်မာနိုင်ငံသားများအားလုံးပါဝင် သည့် ငွေကြေးကဏ္ဍ လမ်းပြမြေပုံ နှင့်စပ်လျဉ်း၍ စကားဝိုင်း  ဆွေးနွေး သည်။  အဆိုပါ  ဆွေးနွေးပွဲတွင် UNCDF ,IFC, WB, GIZ,  LIFT, USAID, IMF, JICA, EU  နှင့် CGAP အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များ ပါဝင်ဆွေးနွေးကြသည်။

ထို့နောက် နံနက် ၁ဝ နာရီခွဲတွင် နယ်သာလန်နိုင်ငံဘုရင့်မိဖုရားသည်  ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ တွင်  ရန်ကုန်တက္ကသိုလ်နှင့်  ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများအား လူတိုင်းအကျုံး ဝင်သော ငွေကြေးကဏ္ဍ တည်ဆောက် ရေးဆိုင်ရာ မိန့်ခွန်းပြောကြားသည်။ 

ယင်းနောက် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား မက်ဆီမာ  ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်     တိုင်းဒေသကြီး  မှော်ဘီမြို့နယ်မြောင်း တကာရှိ    အသေးစားငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက် နေသည့် World  Vision   သို့ သွားရောက်လေ့လာသည်။

ရှေးဦးစွာ နယ်သာလန်နိုင်ငံ ဘုရင့် မိဖုရား မက်ဆီမာသည် မြောင်းတကာ ကျေးလက်  ကျန်းမာရေးဌာန၌       အသေးစား  ငွေကြေးဝန်ဆောင်မှု  လုပ်ငန်းများ  ဆောင်ရွက်နေသည့်World  Vision၊    မှော်ဘီမြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိ သူများ၊   ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး  အသေးစားဝန်ဆောင်မှု လုပ်ငန်းများ  ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။

ယင်းနောက် နယ်သာလန်နိုင်ငံ ဘုရင့်မိဖုရား ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့သည်  မြောင်းတကာဈေး အတွင်း လှည့်လည်ကြည့်ရှုပြီး ဈေးသူ ဈေးသားများနှင့်   ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ  အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ 

World  Vision သည်   မှော်ဘီ မြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက် ၁ဝ ခုတွင် အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင် နှုန်းဖြင့်  အရင်းဆပ်၊  အတိုးလျှော့ စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက်နေကြောင်း  သိရ သည်။                 

(သတင်းစဉ်)'

(သတင်းစဉ်)

No comments:

Post a Comment