Wednesday, April 1, 2015

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေးတို့ ၂ဝ၁၅ ခုနှစ် ဓမ္မာစရိယစာဖြေသံဃာတော်များကို ဖူးမြော်ကြည်ညို

'ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဌေးတို့
၂ဝ၁၅ ခုနှစ် ဓမ္မာစရိယစာဖြေသံဃာတော်များကို ဖူးမြော်ကြည်ညို
==============================================

နေပြည်တော်  မတ် ၃၁

သာသနာရေးဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂ဝ၁၅ ခုနှစ် ဓမ္မာစရိယ စာမေးပွဲကို   ဆဋ္ဌမနေ့အဖြစ်  ကျင်းပရာ နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေ ဌာန ၅ဝ တွင်  စာဖြေသံဃာတော်၊ သီလရှင် ၈၃ဝ၅ ပါး ဖြေဆိုကြသည်။
သာသနာရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည်  မတ် ၃ဝ  ရက်  မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့်  ဘီးလင်းမြို့နယ်များ၌ ကျင်းပလျက် ရှိသော ဓမ္မာစရိယစာမေးပွဲစာဖြေ ဌာနရှိ စာဖြေသံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
  
ကျိုက်ထိုမြို့နယ် ဓမ္မာစရိယစာဖြေ ဌာနတွင်  ဓမ္မာစရိယ စာဖြေသံဃာ တော်နှင့် သီလရှင် ၁၂ ပါးနှင့် ဘီးလင်းမြို့နယ်  ဓမ္မာစရိယစာဖြေ ဌာနတွင်      ဓမ္မာစရိယစာဖြေ သံဃာတော်နှင့် သီလရှင် ၂၆ ပါးတို့ ဖြေဆိုကြကြောင်း သိရသည်။

မတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီ တွင်  ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပ လျက်ရှိသော ဓမ္မာစရိယစာမေးပွဲ စာဖြေဌာနရှိ စာဖြေသံဃာတော်များ အား  သွားရောက်ဖူးမြော်ကြည်ညို သည်။  မော်လမြိုင်မြို့  ဓမ္မာစရိယစာဖြေဌာနတွင်  ဓမ္မာစရိယ စာဖြေ သံဃာတော်နှင့် သီလရှင် ၁၇၂ ပါး ဖြေဆိုကြောင်း သိရသည်။
ထိုသို့သွားရောက်ကြည်ညိုရာတွင် ပြည်ထောင်စုဝန်ကြီးသည် စာမေးပွဲ ကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍   လှူဖွယ်ဝတ္ထု ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကာ စာမေးပွဲဖြေဆိုနေမှုအခြေအနေများ ကို မေးမြန်းလျှောက်ထားပြီး  စာမေးပွဲ ဖြေဆိုနေကြသော စာဖြေသံဃာတော်၊ သီလရှင်များအား လှည့်လည်ကြည့်ရှု ဖူးမြော်ကြည်ညိုသည်။ 

အလားတူ သာသနာရေးဝန်ကြီး ဌာန  ဒုတိယဝန်ကြီး  ဒေါက်တာ မောင်မောင်ဌေးသည်  သာသနာရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့်  တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၃ဝ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော် ကြီး၌ ကျင်းပလျက်ရှိသော ဓမ္မာစရိယ စာဖြေဌာနသို့  သွားရောက်ဖူးမြော် ကြည်ညိုသည်။
ထိုသို့ သွားရောက်ဖူးမြော်ကြည်ညို ရာ၌ ကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာတော်များအား  နဝကမ္မ အလှူတော်ငွေများ    ဆက်ကပ် လှူဒါန်းရာ စာမေးပွဲဖြေဆိုနေမှုအခြေ အနေကို မေးမြန်းလျှောက်ထားခဲ့ပြီး စာမေးပွဲဖြေဆိုနေကြသော  စာဖြေ သံဃာတော်နှင့် သီလရှင်များအား လှည့်လည်ကြည့်ရှုဖူးမြော်ကြည်ညို သည်။ နေပြည်တော် ပျဉ်းမနားမြို့နယ် ဓမ္မာစရိယစာဖြေဌာနတွင် ဓမ္မာစရိယ စာဖြေသံဃာတော်နှင့်  သီလရှင် ၉ဝ ပါးတို့  ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။ 
          
 (သတင်းစဉ်)'

(သတင်းစဉ်)

No comments:

Post a Comment