Thursday, April 2, 2015

သစ်လွင်လက်ထောက်ဆရာဝန်များ ဧပြီလတွင် ခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 


နေပြည်တော် ဧပြီ ၁
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၃၆)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ပြင်ဆင် ခြင်း၊ ကော်မရှင်သက်တမ်းသတ်မှတ် ခြင်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များသည် ဥပဒေပြုရေး တာဝန်ကို ကြိုးစားဆောင်ရွက်ခဲ့ကြ သည့်အတွက် ဥပဒေပေါင်း ၁၄၉ ခု ကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် လွှတ်တော် တွင်ဖွဲ့စည်းထားသည့် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၏ အတွေ့အကြုံ၊ အရည်အချင်းနှင့် ကြိုးစားအားထုတ်မှုများ ပါဝင်ဆောင် ရွက်မှုကြောင့်ဖြစ်ပါကြောင်း၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေး များ ပြင်ဆင်သတ်မှတ်သည့် အမိန့် ကြော်ငြာစာ ထုတ်ပြန်ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၏ သက်တမ်း အား ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိသတ်မှတ်ပါကြောင်းဖြင့် လွှတ်တော်သို့ ရှင်းလင်းတင်ပြ အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုသည်။

လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းမောင် တင်၏ လဲချားမြို့နယ်အတွင်း လမ်း၊ တံတားများကို ချဲ့ကားပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က လွိုင်လင်-ပန်ကေတု- သီပေါလမ်း အား ၂ဝ၁၄ -၂ဝ၁၅ ပြည်ထောင်စုအထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ကျပ် ၂ဝ၅ သန်းဖြင့် ဖာထေးပြုပြင် ခြင်း ၇ မိုင် ၄ ဖာလုံ ကိုဆောင်ရွက် လျက်ရှိပါကြောင်း၊ တံတား ၆ စင်းကို လည်း ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားပါကြောင်း၊ လဲချား-မိုင်းနောင်-မိုင်းရှူး-မိုင်းအွတ်- မိုင်းကောင်းလမ်းရှိ လဲချားမြို့အပိုင်း အား ၂ဝ၁၄-၂ဝ၁၅ ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လဲချားမြို့နယ်အတွင်း ဖြတ် သန်းသွားသည့် လွိုင်လင်-ပန်ကေတု- သီပေါလမ်းနှင့် လဲချား-မိုင်းနောင်- မိုင်းအွတ်-မိုင်းကောင်းလမ်းတို့အား ၁၈ ပေအကျယ်လမ်းဖြစ်ရန် တည် ဆောက်သွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။
လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ ၏ ပင်လုံမြို့ (၂၅)ခုတင်ဆံ့ ဆေးရုံ နှင့် မိုင်းပွန်ကျေးရွာအုပ်စု ပြည်သူ့ ဆေးရုံတို့တွင် တာဝန်ခံဆရာဝန်များ ခန့်အပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ပင်လုံမြို့ ပြည်သူ့ဆေးရုံတွင် လစ်လပ်လျက် ရှိသည့် တာဝန်ခံဆရာဝန်နေရာတွင် ဆမ- ၂၃၁၅၅ ဒေါက်တာစိုင်းမြတ်သူရ အား ဖြည့်ဆည်းခန့်အပ်ပြီးဖြစ်ပါ ကြောင်း၊ မိုင်းပွန်မြို့ ပြည်သူ့ဆေးရုံ တွင် လိုအပ်လျက်ရှိသည့် တာဝန်ခံ ဆရာဝန်အား ရှမ်းပြည်နယ်အစိုးရမှ ခေါ်ယူခန့်အပ်သည့် သစ်လွင်လက် ထောက်ဆရာဝန်များ နေရာချထားနိုင် မည့် ၂ဝ၁၅ ခုနှစ် ဧပြီလတွင် ခန့်ထား နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်းဖြင့် ရှင်လင်းဖြေကြား ခဲ့သည်။
(သတင်းစဉ်)
 

No comments:

Post a Comment